❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . အခန်းကြီး ၅ စာရေးသူ၏အမှာစာ Next ❯


« « မာတိကာ Table of Contents

ရှင်ယာကုပ်ဩဝါဒစာ James

အခန်းကြီး ၅

၅း၇-၈ လယ်သမားသည် သူ၏ အသီးအနှံပင်များ ကြီးထွားမှုကို စိတ်ရှည်စွာ စောင့်ဆိုင်းနေရပါသည်။ ထိုအပင်များ အချိန်တိုအတွင်း ကြီးထွားရန် သူ မစွမ်းဆောင်နိုင်ပါ။ နွေရာသီ၌လည်း သူအနားမယူနိုင်ပါ။ ထိုအပင်များ အလိုအလျောက် ကြီးထွားမည်ဟု စိတ်ထားပြီး ထိုအပင်များကို လစ်လျူရှု၍ မဖြစ်ပါ။ ကောင်းသော ရိတ်သိမ်းမှု ပြုနိုင်ရန် လုပ်ဆောင်စရာ များစွာရှိသည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့သည် ခရစ်တော် ပြန်လာခြင်းကို စိတ်ရှည်စွာ စောင့်ရမည်။ ကျွန်ုပ်တို့မှ ခရစ်တော် လျင်မြန်စွာ ပြန်လာအောင် မလုပ်ဆောင် နိုင်ပါ။ ထိုသို့မျှော်လင့် စောင့်စားချိန်၌ ဘုရားသခင်၏ နိုင်ငံတော် ကျယ်ဝန်းစေရန်အတွက် လုပ်ဆောင်ရန် များစွာရှိသည်။ လယ်သမားနှင့် ခရစ်ယာန် နှစ်ဦးစလုံးသည် အနာဂတ်ကာလ၌ လက်ရှိ လုပ်ဆောင်မှုများ အတွက် ရရှိမည့် ဆုကျေးဇူးများကို မျှော်လင့်ပြီး ယုံကြည်ခြင်းဖြင့် အသက်ရှင်ရမည်။ မည်သည့်အခါမျှ ခရစ်တော် ပြန်လည်ကြွလာတော် မူလိမ့်မည်မဟုတ် ဟူ၍ သတိမမေ့ပါနှင့်။ ဘုရားသခင်၏ နိုင်ငံတော်ကို သစ္စာရှိစွာ တည်ထောင်ပါ။ အချိန်ကျရောက် သောအခါ၌ ဘုရားသခင် ကြွလာလိမ့်မည်။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . အခန်းကြီး ၅ စာရေးသူ၏အမှာစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.