❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၎။ ထိမ်းမြားမင်္ဂလာ
(၇) စီရင်ပုံ
နှစ်ခြင်းခရစ်ယာန်တို့အနေဖြင့် အောက်ပါပုံစံကို အခြေခံ၍ လက်ထပ်ထိမ်းမြားမှု ပြုလျက်ရှိပါသည်။
ပဏာမစောင်းတီးခြင်း – သတို့သမီးနှင့် အဖွဲ့ ဗိမာန်တော် အတွင်းသို့ဝင်လာစဉ် ပရိသတ် မတ်တတ်ရပ်၍ ကြိုဆိုခြင်း။
လက်ထပ်ပေးသည့် ဓမ္မဝန်ဆောင် ပုဂ္ဂိုလ်(များ) နေရာယူခြင်း။
ဆရာ။ ။ ပရိသတ် ထိုင်နိုင်ပါပြီ။
ဆရာ။ ။ ဘုရားသခင်ရှေ့၊ ဤပရိသတ်ရှေ့တွင် မောင် _______ နှင့် မ _______ တို့သည် အသရေနှင့် ပြည့်စုံစွာ ထိမ်းမြားဆောင်နှင်းခြင်း မင်္ဂလာကို ယခုပြုကြမည် ဖြစ်သောကြောင့် တရားသဖြင့် ဆီးတားကန့်ကွက်လိုသူ တစ်စုံတစ်ယောက်ရှိလျှင် ယခုဖော်ပြပြောဆိုပါ။ သို့မဟုတ် နောက်နောင် ဘယ်သောအခါမျှ ပြောဆိုခွင့်မရှိပါ။
ဆရာ။ ။ မောင် _______ နှင့် မ _______ သင်တို့သည်လည်း နောက်ဆုံးသောနေ့၌ ဘုရားသခင်၏ ပလ္လင်တော်ရင်းသို့ ရောက်ကြရမည်ဖြစ်၍ တစ်းဦးနှင့်တစ်ဦး တရားတော်အတိုင်း လက်ထပ်ထိမ်းမြားခြင်း မပြုနိုင်ကြသော အကြောင်း တစ်စုံတစ်ခုရှိလျှင် ယခုဖော်ပြပါ။ ရှိပါသလား။
ဆရာ။ ။ (သတို့သား၊ သတို့သမီး တို့အားမေးရန်)
မောင် _______ နှင့် မ _______ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း တစ်ဦးကိုတစ်ဦး သန့်ရှင်းသော လက်ထပ်ခြင်းဖြင့် သိမ်းပိုက်လျက် ဘဝခရီးလမ်း တစ်လျှောက် သာယာသည်ဖြစ်စေ၊ ကြမ်းတမ်းခက်ခဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ကျမ်းမာသည်ဖြစ်စေ၊ နာသည်ဖြစ်စေ၊ အသက်ရှင်သမျှ ကာလပတ်လုံး တစ်ဦးကိုတစ်ဦး ချစ်ခြင်းမေတ္တာဖြင့် ကောင်းမွန်စွာ ကြည့်ရှုပြုစု ပေါင်းဖော်ပါမည်ဟု သစ္စကတိ ထားမည်လား။