❮ Prev နိဒါန်း အခန်းကြီး ၁ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

နိဒါန်း Introduction

ဘုရားသခင် ကိုယ်တိုင် ကမ္ဘာဦးကျမ်းကို အစပြု ထားသည်။ လျှပ်တပြတ်အချိန်၌ ဘုရားသခင်၏ ကြီးမြတ်သောတန်ခိုး၊ ဘုရားသခင်၏ ရည်မှန်းချက်တို့ဖြင့် ဤကမ္ဘာကြီးအား ဖန်ဆင်းခဲ့သည်။ သူ၏ သဏ္ဍန်နှင့်တူသော လူယောက်ျား၊ လူမိန်းမတို့ကို ဖန်ဆင်းခဲ့သည် (၁း၂၆-၂၇)။ အပြစ်တရားသည် ဤကမ္ဘာကြီးသို့ ဝင်ရောက်သော အခါ၌ အပြစ်တရား နောက်ကွယ်ရှိ စာတန် (Satan) ကို တွေ့မြင်လာရသည်။ စင်ကြယ်မှုနှင့် ပြည့်ဝနေသော ဖန်ဆင်းခြင်းသည် အနာခံသော အာဒံ (Adam) နှင့် ဧဝ (Eve) တို့၏ စိတ်အလိုကျ ပြုခြင်းကြောင့် ဘုရားသခင်နှင့် မိဿဟာယပြုခြင်း ပြတ်တောက် သွားပြီး မကောင်းမှုတို့၏ ပျက်စီးစေရာ လှိုင်းသည် ကျရောက်လာခဲ့သည်။ ချက်ခြင်းပင် အာဒံနှင့်ဧဝ တို့အား လှပသည့် ဥယျာဉ်မှ နှင်ထုတ်ခြင်းကို ဖတ်ရှုရသည်။ သူတို့၏ သားဦးသည် လူသတ်သမား ဖြစ်လာရပြီး ထိုမကောင်းမှု မှသည် ဆိုးကျိုးများကို ဆက်လက် ပေါက်ဖွားလာစေသည်။

နောက်ဆုံး၌ နောဧ (Noah) ၏ မိသားစုမှ လွဲ၍ လူသားအားလုံးအား ဘုရားသခင်က ဖျက်စီးခဲ့သည်။ နောဧ တစ်ဦးတည်းသာ ဘုရားသခင်အား ကိုင်းရှိုင်းသောသူ ဖြစ်လာသည်။

Continue… » »


❮ Prev နိဒါန်း အခန်းကြီး ၁ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.