❮ Prev နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁
၁း၁ ဘုရားသခင်သည် ဤကမ္ဘာကြီးအား မည်ကဲ့သို့ ဖန်ဆင်းသနည်း။ ထိုအကြောင်းအရာသည် ယခု အချိန်၌ပင် ငြင်းခုံစရာဖြစ်သည်။ အချို့က ရုတ်တရက် ပေါက်ကွဲမှုမှ ကမ္ဘာမြေကြီးသည် ဖြစ်ပေါ်လာခဲ့သည်။ အချို့တို့က ထိုပေါက်ကွဲမှုကို ဘုရားသခင်က အစပြုခဲ့ပြီး ထိုမှတဆင့် နှစ်သန်းပေါင်းများစွာ၌ စကြာဝဋ္ဌာသည် တဖြည်းဖြည်း ပြောင်းလဲခဲ့သည်။ ရှေ့ရိုးဘာသာတရား အမျိုးစုံတို့မှလည်း စကြာဝဋ္ဌာ အစပြုပုံကို ရှုထောင့် အမျိုးမျိုးဖြင့် ရှင်းပြထားခဲ့သည်။ ရှေးဦး သိပ္ပံပညာရှင် များမှလည်း ယူဆမှု အမျိုးမျိုးရှိခဲ့သည်။ သို့သော် ကျမ်းစာ၌သာ ဖေါ်ပြထားသည်မှာ အမြင့်ဆုံးသော ဘုရားသခင်က ကမ္ဘာကြီးအား ကြီးမားသော မေတ္တာဖြင့် ဖန်ဆင်းပြီး လူသားတို့အား နေထိုင်စရာ နေရာကို ပေးထားသည်။ ဘုရားသခင်က ဤကမ္ဘာအား မည်ကဲ့သို့ ဖန်ဆင်းခဲ့သည်ကို ကျွန်ုပ်တို့မှ ပြီးပြည့်စုံစွာ သိရှိလိမ့်မည် မဟုတ်သော်လည်း၊ ကျမ်းစာ၌ ဘုရားသခင်မှ ဖန်ဆင်းခဲ့ကြောင်းကို ဖေါ်ပြထားသည်။ ထိုအချက်သည်ပင်လျှင် လူသားအားလုံးတို့၏ တန်ဖိုး တည်ကြည်မှုကို ပြသည်။