❮ Prev နိဒါန်း အခန်းကြီး ၁ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

အခန်းကြီး ၁

. . . ဆက်လက် (Continue)

၁း၂၆ ဘုရားသခင်၏ သဏ္ဍန်နှင့် မည်ကဲ့သို့ တူပါသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် လုံးဝဥဿုံ တူညီအောင် ဖန်ဆင်းခဲ့ခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၌ ခန္ဓာဟူ၍ မရှိပါ။ ဘုရားသခင်၏ ဘုန်းတော်နှင့်သာ သဏ္ဍာန်တူသည်။ အချို့က ကျွနု်ပ်တို့၏ တွေးခေါ်မှု၊ လုပ်ဆောင်မှု၊ ပြောဆိုမှု၊ ဆုံးဖြတ်မှုတို့သည် ဘုရားသခင်၏ အရိပ်သဏ္ဍာန်ကဲ့သို့ ဖြစ်သည်ဟု ပြောဆိုသည်။ ကျွန်ုပ်တို့သည် မည်သည့်အခါမှ ဘုရားသခင်နှင့် လုံးဝဥဿုံ တူညီနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အမြင့်ဆုံးသော ဖန်ဆင်းရှင် ဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့၏ ချစ်ခြင်း၊ ခွင့်လွတ်ခြင်း၊ ကြင်နာခြင်း၊ သစ္စာရှိခြင်း အားဖြင့်သာ ဘုရားသခင်၏ သဘောသဘာဝကို ထင်ဟပ်နိုင်သည့် အရည်အသွေး ကျွန်ုပ်တို့၌ ရှိသည်။

ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် အညီ ဖန်ဆင်း ထားသည်ကို သိခြင်း၊ ဘုရားသခင်၏ လက္ခဏာများ ကျွနု်ပ်တို့၌ ရှိခြင်းတို့သည် ကျွန်ုပ်တို့အား မိမိတို့၏ တန်ဖိုးကို မိမိတို့ သိရှိစေသည်။

လူ၏တန်ဖိုးသည် ပိုင်ဆိုင်မှု၊ ရယူနိုင်မှု၊ ချောမောလှပမှု၊ အသိအမှတ်ပြု ခံရမှုများတို့ အပေါ်၌ မတည်ပါ။ ဘုရားသခင်၏ သဏ္ဍာန်နှင့် ဖန်ဆင်းခံရမှု အပေါ်၌သာ မူတည်သည်။ ဘုရားသခင်၏ သဏ္ဍာန်ကို ဆောင်ခြင်းကြောင့် မိမိကိုယ်ကိုမိမိ ကျေနပ်မှု ဖြစ်ပေါ်ခံစား နိုင်သည်။ မိမိကိုယ်ကို ဝေဖန်ခြင်း၊ နှိမ်၍ ပြောဆိုခြင်း တို့သည် ဘုရားသခင်၏ လုပ်ဆောင်မှု၊ ဘုရားသခင်မှ ပေးသော အရည်အသွေးများကို ဝေဖန်ခြင်းလည်း ဖြစ်သည်။ မိမိ၏ တန်ဖိုးကို သိသောအခါ၌ ဘုရားသခင်အား ချစ်ခြင်း၊ ဘုရားသခင်အား ကိုယ်တိုင် သိခြင်းနှင့် အခြားသူများ အတွက် တန်ဖိုးရှိသည့် လုပ်ဆောင်မှုများကို လုပ်ဆောင်လာစေသည်။

Continue… »»


❮ Prev နိဒါန်း အခန်းကြီး ၁ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.