❮ Prev နိဒါန်း ၁ အခန်းကြီး ၂ ၃ ၄ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂
၂း၂၅ ကလေးငယ် တစ်ဦးသည် အဝတ်မပါဘဲ ဧည့်သည်များ ရှေ့၌ ရှက်ကြောက်မှုကင်းစွာ ပြေးလွှားနိုင်သည်ကို သင်သတိပြု မိပါသလား။ ထိုကလေးသည် အဝတ်မပါခြင်းကို သတိမပြုမိ သကဲ့သို့ အာဒံနှင့်ဧဝ တို့သည်လည်း သူတို့၌ အပြစ် ကင်းမဲ့ခြင်းကြောင့် ရှက်ကြောက်မှု မဖြစ်ခဲ့ပါ။ အာဒံနှင့်ဧဝတို့ အပြစ်ပြုပြီး သောအခါ၌ ရှက်ကြောက်ခြင်း၊ သက်တောင့်သက်သာ မရှိခြင်းတို့ ဖြစ်လာရသည်။ ထိုမှသူတို့နှင့် ဘုရားသခင်အကြား အတားအဆီးများ ဖြစ်ပေါ်လာသည်။
အိမ်ထောင်၌ ထိုကဲ့သို့သော အတားအဆီးများကို ရံဖန်ရံခါ ကြုံတွေ့ရသည်။ အမှန်မှာ အိမ်ထောင်ရှင် နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ရှက်ကြောက်ခြင်း မရှိရပါ။ သို့သော် အာဒံနှင့်ဧဝ ကဲ့သို့ (၃း၇)၊ သင်္ဘောသဖန်းပင် အရွက် (Fig leaves) (အတားအဆီး အကာအရံ) များကို ဝတ်ဆင် ကြခြင်းမှာ ကျွန်ုပ်တို့၏ အသက်တာ၌ ခင်ပွန်းသည်အား သော်လည်းကောင်း၊ ဘုရားသခင်အား သော်လည်းကောင်း မသိစေလိုသော အသက်တာ၏ အစိတ်အပိုင်းများ ရှိ၍ဖြစ်သည်။ ထိုနောက်တွင် အာဒံနှင့်ဧဝတို့ကဲ့သို့ ဘုရားသခင်ထံမှ ဖုံးကွယ်ကြသည်။ အိမ်ထောင်တစ်ခု၌ ဝိညာဉ်၊ စိတ်နှလုံးနီးစပ်မှု မရှိတော့ခြင်းသည် ကိုယ်ကာယ နီးစပ်မှုမရှိခြင်းထက် ရှေးဦးစွာ ဖြစ်ပေါ်သည်။ ထိုနည်းတူစွာပင် ကျွန်ုပ်တို့လျို့ဝှက် ထားသော အတွေးအခေါ်များကို ဘုရားသခင်အား မဖေါ်ပြလျှင် ကျွန်ုပ်တို့နှင့် ဘုရားသခင်တို့၏ ဆက်သွယ်ရာ လမ်းကြောင်းကို ဖြတ်သကဲ့သို့ ဖြစ်သည်။