❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃
၃း၁-၆ စာတန် (Satan) သည် ကျွနု်ပ်တို့အား အဘယ်ကြောင့် သွေးဆောင်ပါသနည်း။ သွေးဆောင်မှုနောက်သို့ လိုက်ခြင်းသည် စာတန်အုပ်စိုးသော အသက်တာ၌ အသက်ရှင်ရန် ဖိတ်ခေါ်ခြင်း ဖြစ်သကဲ့သို့ ဘုရားသခင် အုပ်စိုးသော အသက်တာအား စွန့်လွတ်ခြင်းလည်း ဖြစ်သည်။ စာတန်သည် ဧဝအား အောင်မြင်စွာ သွေးဆောင်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ စာတန်သည် လူများစွာအား သွေးဆောင်ခြင်းကို မနားမနေ လုပ်ဆောင်နေသည်။ သူသည် ယေရှု (Jesus) ကို သွေးဆောင်ခဲ့ သော်လည်း (မဿဲ ၁ – ၁၁) ယေရှုအပြစ်မပြုခဲ့ပါ။
ဧဝသည် စုံစမ်းခြင်းကို အဘယ်သို့ တွန်းလှန်နိုင်ခဲ့ ပါမည်နည်း။ အဖြေမှာ- စုံစမ်းမှုခံရ ခြင်းသည် အပြစ်မဟုတ်ပါ။ စုံစမ်းမှုကို ကျူးလွန်မှသာ အပြစ်ဖြစ်သည်။ စုံစမ်းမှုကို တွန်းလှန် နိုင်ရန်မှာ
(၁) စုံစမ်းခြင်းကို တွန်းလှန်နိုင်သော ခွန်အားပေးရန် ဆုတောင်းပါ။
(၂) ထွက်ပြေးပါ။
(၃) မှားယွင်းသည့် အရာများကို တွေ့ကြုံသောအခါ ငြင်းပယ်ပါ။
ယာကုပ် ၁း၁၂ ၌ စုံစမ်းခြင်းနောက်သို့ မလိုက်သော သူတို့ ရရှိမည့် ကောင်းကြီးမင်္ဂလာ ဆုကျေးဇူးများကို ဖေါ်ပြထားသည်။