❮ Prev . . . အခန်းကြီး ၃ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

အခန်းကြီး ၃

၃း၆-၇ ဧဝသည် ထိုအသီးကို ကြည့်ရှုရယူ၊ စားသုံး ပေးကမ်းခဲ့သည်။ ကြည့်ရှုခြင်းမှသည် ဆုံးရှုံးမှု စတင်သည်။ သင်လိုလားသော အရာကို ကြည့်ရှုခြင်းမှ သွေးဆောင်မှု အစပြုသည်။ ကြည့်ရှုခြင်းမှသည် သွေးဆောင်မှု၏ ပထမခြေလှမ်းဖြစ်သည်။ သင်သည် ထိုအချက်ကို သင်ခန်းစာ မယူနိုင်သေးသောကြောင့် သွေးဆောင်မှု နွံ့အတွင်း၌ ရုန်းကန်နေရ ပါသလား။ ထိုအချိန်များ၌ ပေါလု (Paul) ၏ အကြုံပြုချက်ကို လိုက်လျှောက်ပါ။ ယင်းမှာ မကောင်းသော အတွေးအခေါ်များကို ဖြစ်စေသော အရာများမှ ထွက်ပြေးခြင်းဖြစ်သည်။ ၂ တိ ၂း၂၂၊ ၃း၆-၇ အပြစ်တစ်ခုသည် အကျိုးဆက် မြှောက်များစွာကို ဖြစ်ပေါ်စေသည်။ ဧဝသည် အပြစ် ပြုပြီးနောက်တွင် အာဒံအား သူမနှင့်အတူ မှားယွင်းမှုကို လုပ်စေခဲ့သည်။ ကျွန်ုပ်တို့သည် မှားယွင်းသော လုပ်ဆောင်မှု တစ်ခုကို ပြုပြီးသောအခါ၌ အခြားသူများအား ထိုကဲ့သို့လုပ်ဆောင် စေခြင်းဖြင့် အပြစ်ခံစားမှုကို သက်သာစေသည်။ ရေထဲသို့ ဖိတ်သွားသော အဆိပ်ကဲ့သို့ပင် အပြစ်သည် လျင်မြန်ညင်သာစွာပြန့်သည်။ သင်၏အနား၌ရှိသော သူများထံသို့ သင်၏အပြစ်သည် မပြန့်နှံ့မှီ သင်သည် သင်၏အပြစ်အား သိရှိပြီး ဝန်ချတောင်းပန်ပါ။

Continue… »»


❮ Prev . . . အခန်းကြီး ၃ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.