❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၎။ ကောင်းချီးမင်္ဂလာပေးခြင်း|ခံယူခြင်း

က။ ကောင်းချီးမင်္ဂလာဟူသည်

ကောင်းချီးပေးခြင်း (Benediction) သည် Latin စကား (Benedictio) “blessing” ကို အင်္ဂလိပ်လို ဘာသာပြန်ဆို ထားခြင်းဖြစ်သည်။ Bene ၏ အဓိပ္ဗာယ်မှာ – ကောင်းစွာ၊ မှန်ကန်စွာ၊ အကျိုးရှိစွာဟူ၍ အဓိပ္ဗာယ်ရပြီး dictio ၏ အဓိပ္ဗာယ်မှာ ပြောဆို ဖော်ပြခြင်း ဖြစ်သည်။ ထို့ကြောင့် ကောင်းချီး ပေးခြင်းသည် ကောင်းမွန်၊ မှန်ကန်စွာ၊ အကျိုးရှိစွာ ပြောဆိုဖော်ပြခြင်း ဖြစ်သည်။

ကောင်းချီးပေးခြင်းသည် ဘုရားသခင် ထံတော်မှ ကောင်းချီးအတွက် ဆုတောင်းခြင်း ဖြစ်ပါသည်။ ကောင်းချီး ပေးခြင်းသည် သူတစ်ပါးကို ဝမ်းသာစေရန်၊ စောင့်ထိန်း ကာကွယ်ရန်နှင့် ဘုန်းတော်ထင်ရှားရန် ဖြစ်ပါသည်။ ကောင်းချီးမင်္ဂလာကို ခံစားရသူသည် မဂ်လာရှိသော သူဖြစ်ပါသည် (ကမ္ဘာ ၁၄း၁၉-၂၀၊ ဆာလံ ၁း၁-၂၊ မဿဲ ၅း၃-၁၁)။ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ ပညတ်တော် လိုက်လျှောက်သော သူတို့သည် ကောင်းချီးမင်္ဂလာ ခံစားရ၏ (ဆလံ ၁၀၃း၁-၅)။

ကောင်းချီးမင်္ဂလာများသည် လူကိုယ်တိုင်၊ သားသမီး ရတနာများ၊ တိရစ္ဆာန်အကောင်များ၊ မြေနှင့်မြေထွက်ပစ္စည်း အသီးအနှံများ ဖြစ်ကြပါသည် (တရား ၂၈း၁-၆) အောင်မြင်သော အသက်တာ ဥပမာ – (Success in life) ဒါဝိဒ်နှင့်ယောသပ်။

ကောင်းချီးမင်္ဂလာသည် ဘုရားသခင် ထံမှလာပါသည်။ (God as the Source of all blessings) ဘုရားသခင် သည် ကောင်းကြီး ပေးပါသည် (ကမ္ဘာ ၁း၂၂၊ ၂၈၊ ၂း၃)။ ထို့ကြောင့် ကောင်းချီးပေးခြင်းဟု ဖေါ်ပြမည့်အစား ကောင်းချီးခံယူခြင်းဟု သုံးစွဲသင့်ပါသည်။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.