❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃
၃း၈ အရာရာတိုင်းကို မြင်နိုင်၊ သိနိုင်သော ဘုရားသခင်ထံမှ ပုန်းကွယ်ရန် ကြိုးပမ်းသော လူသားနှစ်ဦး၏ အကြောင်းကို စဉ်းစားသောအခါ၌ သနားဖွယ် ကောင်းသည်။ သူတို့ ဖုံးကွယ်နိုင်သည်ဟု စဉ်းစားခြင်းသည် လွန်စွာမိုက်မဲသော လုပ်ဆောင်မှု ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ထိုကဲ့သို့ လုပ်ဆောင်တတ်သည်။ သင်၏လုပ်ဆောင်စဉ်းစားသော အရာများကို ဘုရားသခင်နှင့်ဝေမျှရန် သတ္တိရှိပါသလား။ ဖုံးကွယ်ရန် မကြိုးစား ပါနှင့်။ ထိုသို့မပြုနိုင်ပါ။ ရိုးသားခြင်းသည် သင်နှင့် ဘုရားသခင် မိဿဟာယ ပြုခြင်းအား ပို၍ခိုင်မာစေသည်။