❮ Prev . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၎
၎း၃-၅ ကျမ်းစာ၌ ဘုရားသခင်သည် ကာဣန၏ ပူဇော်သက္ကာကို အဘယ်ကြောင့် လက်မခံကြောင်း မဖေါ်ပြထားပါ။ ကာဣန (Cain) ၏ စိတ်ထားသည် မမှန်ကန်သောကြောင့် (သို့) သူ၏ ပူဇော်သက္ကာသည် ဘုရားသခင်၏ စံနှုန်းနှင့် မညီသောကြောင့် ဖြစ်နိုင်သည်။ သုတ္တံ ၂၁ – ၂၇ ၌ မတရားသောသူ ပူဇော်သောယဇ်သည် စက်ဆုပ် ရွံရှာဖွယ်ဖြစ်၏။ ထိုမျှမက မတရားသော စိတ်နှင့် ပူဇော်လျှင် သာ၍ဖြစ်၏။ ဘုရားသခင်သည် စိတ်ထား၊ ပူဇော်သောအရာ၏ အရည်အသွေး နှစ်ခုလုံးကို စစ်ဆေးသည်။ သုရားသခင်နှင့် အခြားသူများကို ပေးကမ်းသောအခါ၌ ဝမ်းမြောက်သော စိတ်နှလုံးရှိရမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ထိုကဲ့သို့ ပေးနိုင်၍ ဖြစ်သည်။ ကျွန်ုပ်တို့မည်မျှ ပေးရသည်ကို မပူပန်သင့်ပါ။ အရာအားလုံးကို ဘုရားသခင် ပိုင်ဆိုင်သည်။ ထိုသို့ ပူပန်မည့်အစား ကျွန်ုပ်တို့သည် အချိန်၊ ငွေကြေး၊ ပိုင်ဆိုင်မှု၊ စွမ်းဆောင်နိုင်မှုများကို ဘုရားသခင်အား ဝမ်းမြောက်စွာ ပေးရမည်။