❮ Prev နိဒါန်း အခန်းကြီး ၁ ၂ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
နိဒါန်း Introduction
ကမ္ဘာကြီး၌ တွေ့ရသော သူများသည် သာမန်လူသားများ ဖြစ်သော်လည်း၊ ထိုသူတို့အားဖြင့် ဘုရားသခင်သည် ကြီးမြတ်သောအမှု များကို ပြုခဲ့သည်။ ယင်းသည် ဘုရားသခင်က လူမျိုးတို့အား (သင်အပါအဝင်) သူ၏ ကောင်းသော ရည်မှန်းချက် ပြည့်စုံအောင် အသုံးပြုမှုကို ဖေါ်ပြခြင်း ဖြစ်သည်။
ကမ္ဘာဦးကျမ်းကို ဖတ်ရှုပြီးနောက် ခွန်အားယူပါ။ ကျွန်ုပ်တို့အတွက် မျှော်လင့်စရာ အကြောင်းရှိပါသည်။ ကမ္ဘာလောကကြီး၌ မည်မျှပင် အမှောင်ထုဖြင့် ဖုံးလွှမ်း နေပါစေ။ ဘုရားသခင်၌ အစီအစဉ် တစ်ခုရှိသည်။ သင်သည် မိမိကိုယ်ကို အသုံးမကျ သောသူ၊ အရေးမပါသောသူဟု ခံစားနေရ ပါသော်လည်း သင့်ကို ဘုရားသခင် ချစ်သည်။ သင့်အား သူ၏ အစီအစဉ်၌ အသုံးပြုလိုသည်။ သင်သည် မည်မျှပင် အပြစ်နှင့်ပြည့်ဝပြီး ဘုရားသခင်နှင့် ကွာဝေးနေပါစေ ဘုရားသခင်၏ ကယ်တင်ခြင်းသည် သင့်အတွက် အဆင်သင့်ရှိသည်။ ကမ္ဘာဦးကျမ်းကို ဖတ်ရှုပြီးနောက် မျှော်လင့်ခြင်းရှိပါ။