❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃
၃း၁၇-၁၉ အာဒံနှင့်ဧဝ (Adam and Eve) တို့၏ မနာခံခြင်း ဘုရားသခင်၏ မေတ္တာတော်အရိပ်မှ ကွဲကွာခြင်းသည် သတ္တဝါ အားလုံးသာမက သဘာဝ ပတ်ဝန်းကျင်အပေါ်၌လည်း အကျိုးသက်ရောက်မှု ရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ အချိန်အခါ၌ ဓာတုဗေဒ (Chemistry) ပစ္စည်းများသည် ရေကိုညစ်ညမ်းမှု မပြုနိုင်ဟု ထင်ခဲ့သည်။ ထိုအရာများသည် အနည်းငယ်သော ပမာဏ အစိတ်အပိုင်းဟု ရှုမြင်သည်။ ယခုအချိန်၌ ထိုပစ္စည်းတို့၏ လွန်စွာသေးငယ်သော ပမာဏသည်ပင်လျှင် လူတို့၏ ကျန်းမာရေးကို ထိခိုက် နိုင်သည်။ ကျွန်ုပ်တို့၏ အသက်တာ၌ရှိသော အပြစ်သည် ထိုဓာတုဗေဒပစ္စည်းကဲ့သို့ ဖြစ်သည်။ သေးငယ်သော ပမာဏသည်ပင်လျှင် သေစေနိုင်သည်။