❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၆
၆း၃ ‘လူအသက်တာ တစ်ရာနှစ်ဆယ်’ သည် နောဧ (Noah) လက်ထက်၌ လူတို့အား အပြစ်လုပ်ခြင်းကို ရပ်တန့်ရန် ဘုရားသခင်မှ ပေးသော အချိန်ဟု လူအချို့တို့မှ အဓိပ္ပါယ် ဖွင့်သည်။ ဘုရားသခင်သည် သူ၏သည်းခံခြင်းကို ကျွန်ုပ်တို့အားလည်း ပြသသည်။ ကျွန်ုပ်တို့ အလိုအတိုင်း လုပ်ဆောင်ခြင်းမှ ရပ်တန့်၍ ကျမ်းစာ လာသည့်အတိုင်း အသက်ရှင်ကြရန် ကျွန်ုပ်တို့အား အချိန်ပေးသည်။ နှစ်ပေါင်း (၁၂၀) သည် လွန်စွာ ကြာသကဲ့သို့ ဖြစ်သော်လည်း ထိုအချိန် ကုန်ဆုံးသော အခါတွင် ကမ္ဘာကြီးသည် ရေလွှမ်းမိုးခြင်းကို ခံရသည်။ သင်၏ အချိန်သည်လည်း မကြာမီ ကုန်ဆုံးနိုင်သည်။ သင်၏ အပြစ်များအား ခွင့်လွတ်ခြင်းကို ရရှိရန် ဘုရားသခင် ထံတော်သို့ ပြန်လှည့်ပါ။ ဘုရားသခင်၏ သည်းခံမှု အချိန်နာရီကို သင်သည် မမြင်နိုင်သကဲ့သို့ အချိန် ပိုတောင်း၍လည်း မရပါ။