❮ Prev . . . အခန်းကြီး ၆ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

အခန်းကြီး ၆

၆း၂၂ သင်္ဘောကြီးကို ဆောက်ရန် ဘုရားသခင် ပြောခဲ့သည့် အချိန်မှစ၍ နောဧသည် စတင်တည်ဆောက် ခဲ့သည်။ အခြားသူများသည်လည်း ထိုကဲ့သို့ သတိပေး ခြင်းကို ခံရပေလိမ့်မည်။ (၁ ပေ ၃း၂၀) သို့သော်လည်း ထိုသို့ ဖြစ်ပေါ်မည်ဟု သူတို့သည် မယုံကြပေ။ ယခု အချိန်၌လည်း ထိုကဲ့သို့ပင်ဖြစ်နေသည်။ နေ့စဉ်နေ့တိုင်း လူသား ထောင်ပေါင်းများစွာ တို့အား ဘုရားသခင်၏ မဖြစ်မနေ စီရင်လိမ့်မည့် အကြောင်းနှင့် ပတ်သက်၍ သတိပေးခြင်း ခံရသော်လည်း လူအများတို့သည် ထိုသို့ ဖြစ်လိမ့်မည်ကို မယုံကြည်ပါ။ ဘုရားသခင်၏ စီရင်တော်မူမည့် အကြောင်းနှင့် ပတ်သက်၍ သင်ပြောဆိုချက်များကို လူတို့သည် ကြိုဆိုလက်ခံ လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ဘုရားသခင်အား မယုံကြည်သော သူသည် ဘုရားသခင်၏ စီရင်ခြင်းအား ငြင်းပယ်မည့်အပြင်၊ သင့်အားဘုရားသခင်ကို ငြင်းပယ်ရန် ကြိုးပမ်းလိမ့်မည်။ သင်သတိရ ရမည်မှာ နောဧအတွက် ဘုရားသခင်၏ ကတိတော်သည် သူ့အား လုံခြုံမှုကိုပေးခဲ့သည်။ ယင်းကို သိခြင်းသည် သင့်အား ကျရောက်မည့်စီရင်ခြင်းမှ လွတ်မြောက်စေသော ဘုရားသခင်၌ ယုံကြည်စိတ်ချခြင်းကို တိုးပွားစေသည်။

Continue… » »


❮ Prev . . . အခန်းကြီး ၆ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.