❮ Prev . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၈
၈း၂၁-၂၂ လူသားတို့အား ကယ်တင်ရန် ဘုရားသခင်မှ ပြသည့် မေတ္တာ၊ သည်းခံမှုများကို ကျမ်းစာ၌ ကြိမ်ဖန်များစွာ တွေ့ရသည်။ လူသားတို့၏ နှလုံးသားသည် မကောင်းမှုများနှင့် ပြည့်ဝနေသော်လည်း ဘုရားသခင်သည် လူသားတို့အား ဆက်လက်၍ လက်ကမ်းလျက် ရှိသည်။ ကျွနု်ပ်တို့ အပြစ်ပြုသော အခါ၌လည်းကောင်း၊ ကျဆုံးသောအခါ၌ လည်းကောင်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ စီရင်ချက်ဖြင့် ဖျက်ဆီးခံထိုက်သည်။ သို့သော်လည်း ခရစ်တော်သည် တစ်ဖန်ကြွလာ၍ မကောင်းမှုများကို ထာဝရ ဖျက်ဆီးသည့် အချိန်တိုင်အောင် ဤကဲ့သို့ ဖျက်ဆီးမှုကို ထပ်မံ မပြုလုပ်ပါဟု ဘုရားသခင်သည် ကတိပေးခဲ့သည်။ ရာသီဥတု တစ်ခုမှတစ်ခုသို့ ပြောင်းခြင်းသည် ဘုရားသခင်၏ ထိုကတိတော်ကို ပြန်လည် သတိရစေခြင်း ဖြစ်သည်။
❮ Prev . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ၅၀ ဒေသနာကျမ်း Next ❯