❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁၂
၁၂း၇ အာဗြဟံသည် ဘုရားအတွက် ယဇ်ပလ္လင် (Altar) ကို တည်ဆောက်ခဲ့သည်။ ဘာသာများစွာ ယဇ်ပလ္လင်ကို အသုံးပြုကြသော်လည်း ဘုရားသခင်၏ လူများအတွက် ထိုယဇ်ပလ္လင်သည် အခြားဘာသာများ၏ ယဇ်ပူဇော်ရာ နေရာထက် မြင့်မြတ်သည်။ ယဇ်ပလ္လင်သည် ဘုရားသခင်နှင့် မိတ်သဟာယပြုခြင်း၊ ဘုရားသခင်နှင့် တွေ့ဆုံခြင်း၊ အမှတ်သညာ ပြုရာ နေရာလည်းဖြစ်သည်။ ကျောက်တုံး၊ မြေကြီးတို့ဖြင့် တည်ဆောက် ထားသော်လည်း ယဇ်ပလ္လင် များသည် နှစ်ပေါင်းများစွာ တည်ရှိပြီး ဘုရားသခင်၏ ကာကွယ်ခြင်း၊ ကတိတော်များကို သတိရစေသည်။
ဘုရားရှင်အတွက် ယဇ်ပလ္လင်ကို အာဗြဟံ တည်ဆောက်ရသော အကြောင်းမှာ
(၁) ဆုတောင်းကိုးကွယ်ရန်၊
(၂) သူ့အား ကောင်းကြီးပေးမည့် ဘုရားသခင်၏ ကတိတော်ကို သတိရစေရန်ဖြစ်သည်။
သူ၏ မေတ္တာနှင့် ဘုရားရှင် အပေါ် သစ္စာရှိမှုကို အစဉ်သစ်လွင်စေခြင်း မရှိခဲ့လျှင် သူသည် ဝိညာဉ်ရေးရာ၌ ဆက်လက် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပါ။ ယဇ်ပလ္လင်ကို တည်ဆောက်ခြင်းဖြင့် သူ၏အသက်တာ၌ ဘုရား သခင်သည် ဘဝ၏ ဗဟိုဖြစ်ကြောင်းကို သတိရစေသည်။ အစဉ်ဝတ်ပြုခြင်းဖြင့် ကျွန်ုပ်တို့အား ဘုရားသခင်၏ အလိုကို အောက်မေ့စေပြီး ဘုရားသခင်အား နာခံရန် စိတ်ခွန်အား ထက်သန်စေသည်။
❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ၅၀ ဒေသနာကျမ်း Next ❯