❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁၂
၁၂း၁၁-၁၃ အာဗြဟံသည် ကြောက်ရွံ့သောကြောင့် စာရာ (Sarah) အား လိမ်လည် ပြောဆိုခဲ့သည်။ စာရာသည် သူ၏ ညီမဝမ်းကွဲ ဖြစ်သကဲ့သို့ သူ၏ အမျိုးသမီးလည်း ဖြစ်သည်။
အာဗြဟံ၏ ရည်မှန်းချက်မှာ အီဂျစ် (Egypt) လူမျိုးတို့အား လှည့်စားရန်ဖြစ်သည်။ စာရာ (Sarah) အား ရယူလို၍ သူ့အား သတ်မည်ကို အာဗြဟံသည် ကြောက်ရွံ့ခဲ့သည်။ စာရာ၏ ကြွယ်ဝမှု၊ အလှအပ၊ နိုင်ငံရေးအရ ယှဉ်တွဲရပ်တည်နိုင်ရန် အခွင့်အရေးတို့သည် ဖာရော (Pharaoh) ဘုရင်အတွက် တပ်မက်ဖွယ်ရာဖြစ်သည်။ စာရာ၏ အစ်ကိုအနေဖြင့် အာဗြဟံသည်လည်း ဂုဏ်ရှိသည့်နေရာကို ရရှိ ပေလိမ့်မည်။ စာရာ၏ ခင်ပွန်းအနေဖြင့်မူ အာဗြဟံသေဆုံး သောအခါ၌သာ စာရာသည် ဖာရောဘုရင်ထံသို ဝင်ရောက်နိုင်မည် ဖြစ်သောကြောင့် အာဗြဟံအတွက် အသက်အန္တရာယ် ရှိနိုင်သည်။ ထိုကြောင့် အာဗြဟံသည် ဘုရားသခင်၏ ကာကွယ်မှု၌ ယုံကြည်ခြင်း ပျောက်ဆုံးပြီး အမှန်တစ်ဝက်ကိုသာ ပြောခဲ့သည်။ ထိုသို့လိမ်ညာ ခြင်းကြောင့် ပေါက်ပွားလာမည့် အပြစ်၏အကျိုး သက်ရောက်မှုကို ဖေါ်ပြသည်။ အာဗြဟံသည် လိမ်ညာသောအခါ၌ သူ၏ ပြဿနာတို့သည် ပို၍ပွားများလာသည်။
❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ၅၀ ဒေသနာကျမ်း Next ❯