❮ Prev . . . ၁၃ ၁၄ အခန်းကြီး ၁၅ ၁၆ ၁၇ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁၅
၁၅း၁၇ ဘုရားသခင်သည် အာဗြဟံအား အဘယ်ကြောင့် ဤထူးခြားသော ရူပါရုံ (Vision) ကို ပေးပါသနည်း။ ဘုရားသခင်နှင့် အာဗြဟံတို့အကြား ပြုခဲ့သော ပဋိညာဉ် (Covenant) သည် အရေး ပါသော ပဋိညာဉ်ဖြစ်သည်။ ထိုပဋိညာဉ်သည် ဘုရားသခင်၏ ကြီးမြတ်သော ကတိတော်နှင့် အာဗြဟံ၌ရှိသော ကြီးမြတ်သည့် တာဝန်ကို ပုံဆောင်သည်။ ဘုရားသခင်သည် သူ၏ ကတိတော် သေချာကြောင်းကို သက်သေပြသည့် အနေဖြင့် မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်းသော မီးခွက်ကို ပြခဲ့သည်။ မီးနှင့်မီးခိုးတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်း၊ အမှန်တရားကို ဦးထိပ်ထားခြင်း၊ တိုင်းနိုင်ငံ အားလုံးအပေါ်၌ ဘုရားသခင်၏ စီရင်မှုတို့ကို ပုံဆောင်သည်။ ဘုရားသခင်သည် အစပြု လုပ်ဆောင်ခဲ့သည်။ သေချာမှုကို ပေးခဲ့သည်။ သူ၏ ကတိများအတိုင်း ဆက်လက် လုပ်ဆောင်ခဲ့သည်။ ခွဲထားသော အသားအလယ်၌ ဘုရားသခင် လျှောက်သွားခြင်းသည် အာဗြဟံအတွက် ဘုရားသခင်မှ ပြုခဲ့သည့် ပဋိညာဉ်သည် စစ်မှန်ကြောင်းကို မျက်မြင်သေချာမှု ဖြစ်စေသည်။
❮ Prev . . . ၁၃ ၁၄ အခန်းကြီး ၁၅ ၁၆ ၁၇ . . . ၅၀ ဒေသနာကျမ်း Next ❯