❮ Prev . . . ၁၄ ၁၅ အခန်းကြီး ၁၆ ၁၇ ၁၈ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁၆
၁၆း၃ စာရဲ (Sarai) သည် အာဗြဟံ (Abraham) အား ဟာဂရ (Hagar) ကို ပေးခြင်းဖြင့် ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ အာဗြဟံကဲ့သို့ပင် စာရဲသည် သူတို့နှစ်ဦးအတွက် တိကျစွာပေးခဲ့သည်။ ဘုရား၏ ကတိတော်အား ယုံကြည်ရန် ခက်ခဲခဲ့သည်။ ယုံကြည်မှု ကင်းမဲ့ခြင်းသည် ပြဿနာ အဆက်ဆက်ကို ဖြစ်ပေါ်စေခဲ့သည်။ ဘုရားသခင်၏ နေရာကိုယူ၍ ဘုရားသခင်၏ ညွှန်ပြမှုအတိုင်း မဟုတ်ဘဲ ဘုရားသခင်၏ ကတိတော်ကို အကောင်အထည် ဖေါ်ခြင်းမှ ပေါ်ပေါက်လာရသည့် ရလဒ်လည်းဖြစ်သည်။ ယင်းသည် အာဗြဟံ အတွက်မူ အချိန်ကိုစောင့်ခြင်းနှင့် ပတ်သက်၍ ဆန်းစစ်ခြင်း၊ စာရဲ (Sarai) အတွက်မူ ဘုရားသခင်အား သူတို့၏ အသက်တာ၌ လုပ်ဆောင်စေလိုမှု ရှိမရှိကို ဆန်းစစ်ခြင်းဖြစ်သည်။ အချိန်များစွာ၌ပင် ကျွန်ုပ်တို့ လုပ်ဆောင်ရမည့် အရာမှာ စောင့်ဆိုင်းခြင်းပင် ဖြစ်သည်။ ဘုရားသခင်အား တောင်းဆိုထားသော အရာအတွက် စောင့်ဆိုင်း ရသောအခါ၌ ကျွန်ုပ်တို့သည် မိမိအစွမ်းဖြင့် ဝင်ရောက် လုပ်ဆောင်လိုမှု ဖြစ်ပေါ်ပြီး ဘုရားသခင်၏ အစီအစဉ်အပေါ် အဟန့်အတား ဖြစ်စေတတ်သည်။
❮ Prev . . . ၁၄ ၁၅ အခန်းကြီး ၁၆ ၁၇ ၁၈ . . . ၅၀ ဒေသနာကျမ်း Next ❯