❮ Prev . . . ၁၅ ၁၆ အခန်းကြီး ၁၇ ၁၈ ၁၉ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁၇
၁၇း၉-၁၀ ဘုရားသခင်သည် အရေဖျားလှီးခြင်း (Circumcision) ကို အဘယ်ကြာင့် လိုလားပါသနည်း။
(၁) အရာအားလုံး၌ ဘုရားသခင်အား နာခံသည့် လက္ခဏာဖြစ်သည်။
(၂) သူနှင့် ပဋိညာဉ်ပြုထားသော သူများ၏ လက္ခဏာဖြစ်သည်။ အရေဖျားလှီးခြင်းကို ခံပြီးသည်နှင့် တပြိုင်နက် သူသည် ဘုရားသခင် ရွေးကောက်သောသူ (ဂျူးလူမျိုး Jewish) ထာဝရ ဖြစ်လာသည်။
(၃) အသက်တာ အဟောင်းအား ပြုပြင်ဖြတ်တောက်ပြီး စိတ်နှလုံးအား သန့်စင်စေလျက် ဘုရားသခင်အား ဆက်ကပ်သော လက္ခဏာလည်း ဖြစ်သည်။
(၄) ကျမ်းမာရေးအတွက် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်။
အရေဖျားလှီးခြင်းသည် အခြားသော လုပ်ဆောင်မှုများနှင့် ယှဉ်လျှင် ဘုရားသခင်၏ လူတို့နှင့် သာသနာပ လူတို့၏ အကြား ကွာခြားစေသော လုပ်ဆောင်ချက်ဖြစ်သည်။ အာဗြဟံ အချိန်ကာလ၌ အရေဖျားလှီးခြင်းသည် စစ်မှန်သော ဘုရားသခင်အား စင်ကြယ်စွာ ကိုးကွယ်ခြင်း၌ မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။
❮ Prev . . . ၁၅ ၁၆ အခန်းကြီး ၁၇ ၁၈ ၁၉ . . . ၅၀ ဒေသနာကျမ်း Next ❯