❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

အခန်းကြီး ၁၉

၁၉း၈ ဧည့်သည်နှစ်ဦးအား ကာကွယ်ရန်အတွက် ဖခင်တစ်ဦး အနေဖြင့် သူ၏သမီးများကို ကယ်တင်ရန် လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ခြင်းမှာ သူ့သမီးများ၏ ရည်းစားမှ ဝင်ရောက်ကယ်တင်မည် (သို့မဟုတ်) ယောင်္ကျားနှင့် လိင်ဆက်ဆံ လိုသူများသည် သမီးများအား စိတ်မဝင်စား သောကြောင့် ထွက်ခွာသွား ပေလိမ့်မည်။ ဧည့်သည်အား ကာကွယ်ရမည့် အစဉ်အလာ ရှိသော်လည်း ဤဆိုးဝါးသော ကြံစည်မှုကို ကြည့်ခြင်းဖြင့် အပြစ်တရားသည် လောတ၏ အသက်တာ၌ မည်မျှ နက်ရှိုင်းစွာ ရှိနေကြောင်းကို သိနိုင်သည်။ လောတသည် မတရားသော လုပ်ဆောင်မှုများကို မတရားသော ပြည်၌ နေထိုင်ရင်းမှ လက်ခံလာခဲ့သည်။ လောတ၏ စိတ်နေစိတ်ထား မည်သို့ဖြစ်နေ စေကာမူ ဤဖြစ်ရပ်မှ တဆင့် သောဒုံမြို့၌ ရှိသော ဆိုးဝါးကြမ်းကြုတ်မှု များကို သိနိုင်သည်။ ဆိုးဝါး ကြမ်းကြုတ်မှုများသည် လွန်စွာကြီးထွား နေပြီဖြစ်သောကြောင့် ထိုတစ်မြို့လုံးအား ဘုရားသခင်က ဖျက်ဆီးရမည်ဖြစ်သည်။

Continue… » »


❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.