❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁၉
၁၉း၁၃ ဖြောင့်မတ်သူ (၁၀) ဦးရှိလျှင် သောဒုံမြို့အား မဖျက်ဆီးပါဟု ဘုရားသခင်က ကတိထားခဲ့သည် (၁၈း၃၂)။ ကောင်းကင်တမန်သည် ထိုမြို့ကို ဖျက်ဆီးခဲ့ သောကြောင့် ထိုမြို့၌ ဖြောင့်မတ်သောသူ (၁၀) ဦး မရှိကြောင်း သိနိုင်သည်။ ထိုအချိန်၌ ခေတ်မှီတိုးတတ်သော လူ့ဘောင်အဖွဲ့အစည်း ရှိခဲ့ကြောင်းကို ရှေးဟောင်း အထောက်အထားများအရ သိရသည်။ ရှေးဟောင်း သုတေသီများမှလည်း ရုတ်တရက် ဖျက်ဆီးမှုတစ်ခု ဖြစ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ပင်လယ်သေ (Dead sea) ၏ တောင်ဘက်စွန်းရှိ ပင်လယ်အောက်၌ ထိုမြို့တည်ရှိခဲ့ ပေလိမ့်မည်။ ယခုအချိန်၌ တွေ့ကြုံ နေရသော အပြစ်များကို လောတ၏ အချိန်၌လည်း တွေ့ကြုံခဲ့ရသည်။ ကျွန်ုပ်တို့သည်လည်း အာဗြဟံကဲ့သို့ ဘုရားသခင်အား ယုံကြည်စိတ်ချမှု ရှိရမည်။ အာဗြဟံသည် မိမိ၏အကျိုးကို မကြည့်သော ယုံကြည်ခြင်းနှင့် သောဒုံမြို့သားများသည် မိမိ၏အကျိုးကိုသာ ကြည့်တတ်ခြင်းကို ထင်ရှားစွာမြင်နိုင်သည်။
❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ . . . ၅၀ ဒေသနာကျမ်း Next ❯