❮ Prev . . . ၂၀ ၂၁ အခန်းကြီး ၂၂ ၂၃ ၂၄ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂၂
၂၂း၃ ထိုနံနက်၌ အာဗြဟံသည် သမိုင်းမှတ်တမ်း၌ အကြီးမားဆုံးသော လုပ်ဆောင်မှု တစ်ခုကို ပြုခဲ့သည်။ သူသည် ယေရုရှလင် (Jerusalem) မြို့ နားရှိ မိုင် (၅၀) မျှကွာဝေးသော မောရိပြည် (Moriah) သို့သွားခဲ့သည်။ သူသည် ဘုရားသခင်အား ယုံကြည်ခြင်း၏ အရေးကြီးမှုကို နှစ်ပေါင်းများစွာ အချိန်၌ မြောက်များစွာသော ခက်ခဲသည့် သင်ခန်းစာများ အားဖြင့် လေ့လာသိရှိပြီး ဖြစ်သည်။ ဤအချိန်၌ သူ၏ နာခံမှုသည် ချက်ချင်းပင် ဖြစ်ပေါ်ပြည့်စုံခဲ့သည်။ ဘုရားသခင်အား နာခံရန် ခက်ခဲသော အခါများ ရှိပေမည်။ အဘယ်ကြောင့် ဆိုသော် ထိုသို့ နာခံမှုသည် ကျွန်ုပ်တို့မှ လိုလားသော အရာများကို လက်လွတ်ရသော အခါများလည်း ရှိပေမည်။ ဘုရားသခင်အား နာခံမှုသည် လွယ်ကူလိမ့်မည်။ အလိုအလျှောက် ဖြစ်ပေါ်လာလိမ့်မည်ဟု မယူဆသင့်ပါ။
၂၂း၆ အာဗြဟံသည် မည်ကဲ့သို့ မီးအားသယ်ဆောင် ခဲ့သည်ကို ကျွန်ုပ်တို့ မသိပါ။ မီးခဲ (သို့မဟုတ်) မီးစကို သယ်ဆောင်ခြင်း ဖြစ်ခဲ့ပေမည်။
❮ Prev . . . ၂၀ ၂၁ အခန်းကြီး ၂၂ ၂၃ ၂၄ . . . ၅၀ ဒေသနာကျမ်း Next ❯