❮ Prev နိဒါန်း ၁ အခန်းကြီး ၂ ၃ ၄ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂
၂း၁၆-၁၇ အဘယ်ကြောင့် ဘုရားသခင်သည် ထိုအပင်အား ဥယျာဉ်၌ ထားရှိပြီး အာဒံ (Adam) အား ထိုအပင်၏ အသီးကို မစားရန် တားဆီးပါသနည်း။ ဘုရားသခင်သည် အာဒံ၏ နာခံခြင်းကို လိုလားသကဲ့သို့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကိုလည်း ပေးခဲ့သည်။ ရွေးချယ်ခွင့် မရှိလျှင် အာဒံသည် ထောင်သား တစ်ဦးကဲ့သို့ ဖြစ်ပြီး သူ၏ နာခံခြင်းသည် အပေါ်ယံသာ ဖြစ်မည်။ အပင် နှစ်ပင်အားဖြင့် ရွေးချယ်ရန် အခွင့်ကို ဖြစ်စေသည်။ နာခံခြင်းအားဖြင့် ဆုကျေးဇူးကို ခံစားရသကဲ့သို့ မနာခံခြင်းအားဖြင့် စိတ်မကောင်းဖွယ်ရာ အကျိုးဆက်များကို တွေ့ကြုံရသည်။ သင်သည် ရွေးချယ်ရန် အခွင့်ကြုံလျှင် ဘုရားသခင်အား နာခံခြင်းကို ရွေးချယ်ပါ။