❮ Prev နိဒါန်း ၁ အခန်းကြီး ၂ ၃ ၄ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂
၂း၂၁-၂၃ ဘုရားသခင်သည် လူယောက်ျားနှင့် လူမိန်းမတို့အား ဖန်ဆင်းပြီး တာဝန်များစွာတို့ကို လုပ်ဆောင် နိုင်ရန် ပံ့ပိုးပေးသည်။ ထိုတာဝန်များစွာတို့သည် ဘုရားသခင်အား ချီးမွမ်းမှုဖြစ်စေရန် တည်းဟူသော ရည်မှန်းချက်သို့ ရှေးရှုသည်။ လူယောက်ျား အားဖြင့် လူမိန်းမ ဖြစ်ပေါ်စေ သကဲ့သို့၊ လူမိန်းမ အားဖြင့် ကမ္ဘာကြီးသည် သက်ဝင်လှုပ်ရှား ရလေသည်။ ထိုလူသား တစ်ဦးစီသည် သီးခြားသော အခွင့်အရေးများကို ရရှိသောကြောင့် ယောက်ျားနှင့်မိန်းမ မည်သူက ပို၍မြင့်မြတ်သည်ဟု တွေးခေါ်ရန် နေရာမရှိပါ။