❮ Prev . . . ၂၃ ၂၄ အခန်းကြီး ၂၅ ၂၆ ၂၇ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

အခန်းကြီး ၂၅

၂၅း၃၂-၃၃ ဧသော (Esau) သည် သူ၏ ထာဝရ အကျိုးခံစားရမည့် သားဦးအရာကို ခဏတာချက်ချင်း ကျေနပ်မွတ်သိမ့်မှုကို ပေးမည့်အရာနှင့် လဲခဲ့သည်။ သူသည် အနာဂတ် ကာလ၏ အကျိုးဆက်ကို ခဏအချိန်ယူ မစဉ်းစားဘဲ စိတ်လိုက်မာန်ပါနှင့် သူ၏ လက်ငင်းအချိန်၌ ဖြစ်ပေါ်နေသော မွတ်သိပ်မှုကို ဖြေသိမ့်ရန်သာ လုပ်ဆောင် ခဲ့သည်။ ကျွန်ုပ်တို့သည်လည်း ထိုကဲ့သို့ဖြစ်နိုင်သည်။ ကျွန်ုပ်တို့ လိုချင်သော အရာကို တွေ့သောအခါ၌ ထိုအရာကို ရယူလိုသောစိတ် ရှေးဦးစွာ ဖြစ်ပေါ်လာသည်။ ထိုအရာကို ရယူပြီးသောအခါ၌ အလွန်ကျေနပ်မှု တစ်ခါတစ်ရံ၌ အလွန်စွမ်းဆောင်နိုင်မှု တန်ခိုးကို ခံစားရသည်။ ထိုလက်ရှိအချိန်၌ သာယာမှုသည် အနာဂတ်အား ရှုမြင်ခြင်းကို ပျောက်ကွယ်စေသည်။ ဧသောကဲ့သို့ အနာဂတ် အကျိုးဆက်ထက် လက်ရှိအချိန်၌ သာယာမှုကိုသာ ကြည့်ခြင်းအားဖြင့် မပြုလုပ်မီ ရှောင်ရှားတတ်ပါစေ။

ဧသော (Esau) သည် သူ၏ ဆာလောင်မှုကို ‘သေလုပြီ’ ဟု ပို၍ပြောခဲ့သည်။ ထိုအတွေးသည် သူ၏ ရွေးချယ်မှုကို ပို၍လွယ်ကူစေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အစာငတ်နေသော အချိန်၌ သူ၏ အမွေတို့သည် မည်သည့်အကျိုးကို ဖြစ်စေပါသနည်း။ တဒင်္ဂါအချိန်၌ ဖြစ်ပေါ်နေသော ဖိအားဆွဲဆောင်မှုတို့သည် သူ၏အမြင်ကို အသွင်ပြောင်းစေပြီး သူ၏ ဆုံးဖြတ်ချက်ကို လျင်မြန်စွာ ပြုစေသည်။ ကျွန်ုပ်တို့သည်လည်း ထိုကဲ့သို့ဆွဲဆောင်မှု၊ တွန်းအားများကို မကြာခဏ တွေ့ကြုံရသည်။ ဥပမာ အားဖြင့် ကာမစိတ်ကြီးသောချိန်၌ အိမ်ထောင်ရှင် တစ်ဦး၏ ကျင့်ဝတ်သည် အရေးမကြီး သကဲ့သို့ ဖြစ်ရသည်။ လွန်စွာဖိအားပေးခံရသော အခါများတွင် အဘယ်အရာမျှ အရေးမကြီးတော့ သကဲ့သို့ ခံစားရပြီး ကျွန်ုပ်တို့၏ အမြင်ခံယူချက်များ ပျောက်ဆုံးရလေသည်။ တိုတောင်း၍ ဖိအား အမျိုးမျိုးနှင့် ပြည့်ဝနေသော အချိန်များ၌ စုံစမ်းမှုကို ကျော်လွှားရန် လွန်စွာခက်ခဲ တတ်သည်။

Continue… » »


❮ Prev . . . ၂၃ ၂၄ အခန်းကြီး ၂၅ ၂၆ ၂၇ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.