❮ Prev . . . ၂၄ ၂၅ အခန်းကြီး ၂၆ ၂၇ ၂၈ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂၆
၂၆း၁၂-၁၆ ဘုရားသခင်သည် ဣဇာက်အား ကောင်းကြီး ပေးမည့် ကတိကို စောင့်ထိန်းခဲ့သည်။ ဣဇာက် လုပ်ဆောင်မှု အားလုံးတို့သည် မှန်ကန်အောင်မြင် သကဲ့သို့ ရှိသောကြောင့် ဖိလိတ္တိလူတို့သည် ပို၍မနာလို ဖြစ်လာကြသည်။ သူ၏ရေတွင်းကို မြေကြီးဖို့ပြီး သူ့အား ဖယ်ရှားရန် ကြိုးစားခဲ့ကြသည်။ မနာလိုစိတ်သည် တိုင်းပြည်၌ အစွမ်းဆောင် နိုင်ဆုံးသော သူများ အရင်းနှီးဆုံးသော မိတ်ဆွေများကို ကွဲပြားစေနိုင်သည်အထိ အင်အားကြီးမားသည်။ သင်အလွန်လိုလား ခဲ့သောအရာကလည်း သင့်ကိုကွဲကွာ စေနိုင်သည်။ အခြားသူများကို မနာလိုစိတ် ဖြစ်ပေါ်သောအခါ၌ ထိုသူတို့၌ ဖြစ်ပေါ်သော ကောင်းမြတ်ခြင်းများအတွက် ဘုရားသခင်အား ကျေးဇူး တင်ပါ။ ဒေါသဖြင့် မတုံ့ပြန်မီ အချိန်၌ သင်၏ မိတ်ဆွေ၊ အလုပ်အကိုင်၊ ဇနီး၊ ခင်ပွန်း ဆုံးရှုံးသွား နိုင်သည်ကို စဉ်းစားဆင်ခြင်ပါ။
❮ Prev . . . ၂၄ ၂၅ အခန်းကြီး ၂၆ ၂၇ ၂၈ . . . ၅၀ ဒေသနာကျမ်း Next ❯