❮ Prev . . . ၂၅ ၂၆ အခန်းကြီး ၂၇ ၂၈ ၂၉ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂၇
၂၇း၁၁-၁၂ ကိုယ်ကျင့်တရားအပေါ်၌ ကျွန်ုပ်တို့၏ တုန့်ပြန် ဆောင်ရွက်မှုသည် စစ်မှန်သော စိတ်ဆန္ဒကို ပေါ်လွင်စေသည်။ ကြိမ်ဖန်များစွာပင် မှန်ကန်သော အလုပ်ကို လုပ်ဆောင်ခြင်းထက် မှားယွင်းသော လုပ်ဆောင်မှုကို လုပ်ဆောင် နေသည့်အခါ သူတစ်ပါး သတိပြုမိ မည်ကို ပို၍ စိုးရိမ်ခဲ့သည်။ ယာကုပ် (Jacob) သည် သူ့မိခင်၏ လှည့်စားမှုနှင့် ပတ်သက်၍ မည်သို့မှ စိုးရိမ်မှု မရှိခဲ့သော်လည်း ထိုသို့ လုပ်ဆောင်နေစဉ် ပေါ်ပေါက်လာနိုင်သည့် ပြဿနာအတွက် စိုးရိမ်ခဲ့သည်။ သင်၏ လုပ်ဆောင်မှုတွင် သူတစ်ပါး သတိပြုမည်ကို စိုးရိမ်စိတ် ဖြစ်ပေါ်နေပါက ထိုလုပ်ဆောင်မှုသည် မရိုးသားသော လုပ်ဆောင်မှု ဖြစ်နိုင်သည်။ ထိုစိုးရိမ်စိတ်သည် သင့်အား မှန်ကန်သော လုပ်ဆောင်မှုကို လုပ်ဆောင်စေမည့် သတိပေးမှု ဖြစ်စေပါ။ ထိုမရိုးသားသော ကြံစည်မှု အတွက် ဣဇာက် (Isaac) သည် ကြီးမားသော အကျိုးဆက်ကို ပေးခဲ့သည်။
❮ Prev . . . ၂၅ ၂၆ အခန်းကြီး ၂၇ ၂၈ ၂၉ . . . ၅၀ ဒေသနာကျမ်း Next ❯