❮ Prev . . . ၂၅ ၂၆ အခန်းကြီး ၂၇ ၂၈ ၂၉ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂၇
၂၇း၁၁-၁၃ ရေဗက္ကာ (Rebekah) ၏ လှည့်ဖြားရန် ကြံစည်မှုကို ကြားရသောအခါ၌ ယာကုပ် (Jacob) သည် စိတ်လေးခဲ့သည်။ မှားယွင်းသော သဘောဖြင့် (ဖခင်မှ သိသွားမည်ကို စိုးရိမ်သောကြောင့်) ယာကုပ်သည် ထိုအစီအစဉ်ကို ငြင်းဆန်ခဲ့သည်။ ထိုသို့ ပြုခြင်းသည် ရေဗက္ကာအား နောက်ဆုံး အကြိမ်အဖြစ် သူမ၏ အစီအစဉ်အား ပြန်လည် သုံးသပ်နိုင်သော အခွင့်အလမ်းကို ဖြစ်စေခဲ့သည်။ သို့သော်လည်း သူမ၏ ကြံစည်မှုအတွင်း၌ သူမသည် နှစ်မြှုပ်နေသော အခါတွင် သူမ၏ လုပ်ဆောင်မှုများကို သူမသည် ရှင်းလင်းစွာ မတွေ့နိုင်တော့ပါ။ အပြစ်သည် သူမအား ဖမ်းချုပ်ထားပြီး သူမ၏ အကျင့်စာရိတ္တကို ယိုယွင်းစေခဲ့သည်။ မှားယွင်းသော လုပ်ဆောင်မှုမှ မှန်ကန်သော လုပ်ဆောင်မှုသို့ ပြုပြင်လုပ်ဆောင် ခြင်းသည် သင့်အားနာကျင်မှု၊ စိတ်ဓာတ်ကျမှု ဖြစ်ပေါ် စေနိုင်သော်လည်း ယင်းသည် သင့်အား အပြစ်၏ ထိန်းချုပ်မှုမှ လွတ်ကင်းစေသည်။
❮ Prev . . . ၂၅ ၂၆ အခန်းကြီး ၂၇ ၂၈ ၂၉ . . . ၅၀ ဒေသနာကျမ်း Next ❯