❮ Prev နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁
၁း၂၈ ‘အုပ်စိုးကြလော့’ ဟု ဆိုရာ၌ အပြည့်အဝ အာဏာရှိခြင်း၊ ထိန်းချုပ်မှုရှိခြင်းကို ဆိုလိုသည်။ ဘုရားသခင်သည် အလုံးစုံကို အစိုးရချုပ်ကိုင်ထားပြီး သူ၏အာဏာကို မေတ္တာဖြင့် အသုံးပြုသည်။ ဘုရားသခင်မှ လူတို့အား အာဏာအချို့ကို ပေးအပ်သောအခါ၌ ထိုအာဏာကို ကျွန်ုပ်တို့မှ ပတ်ဝန်းကျင် အပေါ်၌၎င်း၊ အခြားဖန်ဆင်းထားသော အရာများ အပေါ်၌၎င်း တာဝန်ရှိရှိ အသုံးပြုရန် မျှော်လင့်သည်။ ထိုအာဏာအတွက် အလွဲသုံးစား မပြုမိရန် သတိရှိရန် လိုသည်။ ဘုရားသခင်သည် ဤကမ္ဘာအား လွန်စွာသတိထား ဖန်ဆင်းခဲ့သည်။ ကျွန်ုပ်တို့သည်လည်း ဤကမ္ဘာအား သတိလက်လွတ် ထိန်းသိမ်းခြင်းကို ရှောင်ရှားရမည်။