❮ Prev . . . ၂၇ ၂၈ အခန်းကြီး ၂၉ ၃၀ ၃၁ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂၉
၂၉း၂၀-၂၈ မိမိတို့ လိုလားသော အရာအတွက် အချိန်ကြာရှည်စွာ လုပ်ဆောင်ရခြင်းမှာ သင့်မြတ်မှု ရှိပါသလား ဟူ၍ လူတို့သည် စဉ်းစားကြသည်။ ယာကုပ်သည် ရာခေလအားရရှိရန် (၇) နှစ် အစေခံခဲ့ရသည်။ လှည့်စားခြင်းကို ခံရပြီးနောက်တွင် ရာခေလအတွက် နောက်ထပ် (၇) နှစ် အစေခံရန် သဘောတူခဲ့သည်။ သူသည် လေအာ (Leah) အား အိမ်ထောင်ပြုပြီး မကြာမီအချိန်၌ ရာခေလ (Rachel) အား အိမ်ထောင် ပြုခဲ့သည်။ အရေးကြီးသော ပန်းတိုင်၊ လိုအင်ဆန္ဒများ ရရှိရန်အတွက် လုပ်ဆောင်ရ၊ စောင့်ဆိုင်းရ ခြင်းသည် ထိုက်တန်သည်။ ရုပ်ရှင်များ၊ တီဗွီ (TV) အစီအစဉ်များမှ လူတို့အား မိမိတို့ အလိုရှိသော အရာများကို ရရှိရန် ပြဿနာပြေလည်ရန် တစ်နာရီမျှသာ စောင့်ဆိုင်းရ သကဲ့သို့သော မှားယွင်းသော အမြင်ကိုဖြစ်စေသည်။ လက်တွေ့အသက်တာ၌ ထိုကဲ့သို့ ဖြစ်မည်ဟု တွေးခေါ်ခြင်း ထောင်ခြောက်၌ မမိစေသင့်ပါ။ ကျွန်ုပ်တို့ လိုအပ်သော အရာအတွက် သည်းခံစောင့်ဆိုင်းရန် ခက်ခဲသော်လည်း သည်းခံခြင်းသည် ကျွန်ုပ်တို့၏ ပန်းတိုင်ကို ရောက်ရှိနိုင်မည့် သော့ချက် ဖြစ်သည်။
❮ Prev . . . ၂၇ ၂၈ အခန်းကြီး ၂၉ ၃၀ ၃၁ . . . ၅၀ ဒေသနာကျမ်း Next ❯