❮ Prev . . . ၂၇ ၂၈ အခန်းကြီး ၂၉ ၃၀ ၃၁ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂၉
၂၉း၃၂ ယခုအချိန် ကာလ၌ မိဘတို့သည် ကလေးအမည် ပေးရာ၌ ခေါ်၍ ကောင်းသောအမည် လူကြိုက်များသော အမည်များကို ပေးလေ့ရှိကြသည်။ ဓမ္မဟောင်းကာလ၌ ခေတ်ရေစီးကြောင်းနှင့် လိုက်ဖက်သော အမည်များကို ပေးကြသည်။ မိဘများသည် ထိုကလေး မွေးဖွားချိန်၌ ဖြစ်ပျက်သော အရာကို ရောင်ပြန်ဟပ်မည့် အမည်များကို ရွေးချယ်လေ့ရှိကြသည်။ သူတို့၏ ကလေးများသည် သူတို့ပေးသည့် အမည်အတိုင်းဖြစ်ရန် မျှော်မှန်း ခဲ့ကြသည်။ သူတို့၏ အမည်အတိုင်း အသက်ရှင်နိုင်ခြင်း ရှိမရှိကို မိဘများသည် နောက်ပိုင်း၌ ပြန်လည် သုံးသပ်သည်။ လူတစ်ဦး၏ အမည်သည် သူနှင့် မလိုက်ဖက်သော အခါ၌ အမည်ပြောင်းခြင်းကို ပြုကြသည်။ ယာကုပ်သည်လည်း အမည်ပြောင်းခဲ့သည်။ ယာကုပ် (Jacob) ၏ အဓိပ္ပါယ်မှာ ‘ခြေဖနောက်ကို ဆွဲသောသူ’ ဆိုလိုသည်မှာ လှည့်စားသောသူ ဟူ၍ ဖြစ်သည်။ ယင်းအမည်မှ ‘ဣသရေလ (Israel)’ အဓိပ္ပါယ်မှာ ‘ဘုရားသခင်နှင့် ရုန်းကန်လှုပ်ရှားသောသူ’ ဟု အမည် ပြောင်းခဲ့သည်။ ယာကုပ်သည် လှည့်ဖျားသောသူ မဟုတ်တော့ဘဲ ဘုရားသခင်အား ချီးမွမ်းသောသူ ဖြစ်လာခဲ့သည်။
❮ Prev . . . ၂၇ ၂၈ အခန်းကြီး ၂၉ ၃၀ ၃၁ . . . ၅၀ ဒေသနာကျမ်း Next ❯