❮ Prev . . . ၂၉ ၃၀ အခန်းကြီး ၃၁ ၃၂ ၃၃ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃၁
၃၁း၃၈-၄၂ ယာကုပ်သည် အခြားသူမှ သူ့အား မျှော်မှန်းထားသည်ထက် ပို၍လုပ်ပြသော အကျင့်ရှိသည်။ သားရဲ ကိုက်သတ်ထားသော တိရိစ္ဆာန်များကို လာဗန်နှင့်မခွဲဝေဘဲ သူမှ အဆုံးအရှုံးခံ၍ ယူခဲ့သည်။ ကြိမ်ဖန်များစွာ လစာ အဖြတ်ခံရသော်လည်း ကြိုးစားလုပ်ဆောင် ခဲ့သည်။ သူ၏ကြိုးပမ်း လုပ်ဆောင်မှု၏ အသီးအပွင့်များကို နောက်ဆုံး၌ တွေ့ခဲ့ရသည်။ (သူ၏ တိရိစ္ဆာန်တို့ စတင် တိုးပွားခဲ့သည်)။ သာမန်ထက်ပို၍ လုပ်ဆောင်ခြင်းသည် ကြီးစွာသော အကျိုးကို ဖြစ်ပေါ်စေနိုင်သည်။
(၁) ဘုရားသခင်အား ကျေနပ်စေသည်။
(၂) အသိအမှတ်ပြု ခံရပြီး တိုးမြင့်စေသည်။
(၃) သိက္ခာတက်စေသည်။
(၄) အခြားသူ၏ ယုံကြည်စိတ်ချမှုကို တည်ဆောက်သည်။
(၅) အတွေ့အကြုံနှင့် အသိပညာကို တိုးပွားစေသည်။
(၆) ဝိညာဉ်ရေးရာ ရှင်သန်မှုကို ဖြစ်ပေါ်စေသည်။
❮ Prev . . . ၂၉ ၃၀ အခန်းကြီး ၃၁ ၃၂ ၃၃ . . . ၅၀ ဒေသနာကျမ်း Next ❯