❮ Prev . . . ၃၁ ၃၂ အခန်းကြီး ၃၃ ၃၄ ၃၅ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

အခန်းကြီး ၃၃

၃၃း၁၁  ဧသောထံသို့ ယာကုပ်သည် အဘယ်ကြောင့် လက်ဆောင်များကို ကြိုတင်ပေးခဲ့ ပါသနည်း။ ဓမ္မဟောင်း အချိန်၌ လက်ဆောင်များကို အကြောင်း အမျိုးမျိုးဖြင့် ပေးခဲ့သည်။

(၁) တံစိုးလက်ဆောင် အနေနှင့် လူတစ်ဦး၏ ထောက်ခံမှုကို ရယူရန်အတွက် ပစ္စည်းများကို ယခု အချိန်အခါ၌လည်း ပေးလေ့ရှိသည်။ ဧသောသည် ပထမ၌ ယာကုပ်၏ လက်ဆောင်ကို ငြင်းဆန်ခဲ့ ပေလိမ့်မည်။ (၃၃း၉) အဘယ်ကြောင့် ဆိုသော် သူ့အား ထိုသို့လက်ဆောင် ပေးခြင်းကို မလိုလား၍၊ မလိုအပ်၍ ဖြစ်ပေမည်။ သူသည် ယာကုပ်အား ခွင့်လွှတ်ပြီးပြီ ဖြစ်သည့်အပြင် သူ၌ကြွယ်ဝသော ပစ္စည်းဥစ္စာရှိသည်။
(၂) ကြင်နာမှုကို ပြသခြင်းဖြစ်သည်။
(၃) အရေးကြီးသော တွေ့ဆုံမှုကိုမပြုမီ နှုတ်ခွန်း ဆက်သသည့် အနေဖြင့် ပြုလုပ်သော ဓလေ့ထုံးစံ ဖြစ်နိုင်သည်။ ထိုကဲ့သို့ လက်ဆောင်မျိုးသည် လက်ဆောင်ကို ရရှိသော သူ၏ အသက်မွေး ဝမ်းကြောင်းနှင့် သက်ဆိုင်မှုရှိသည်။ ထိုကြောင့် ယာကုပ်သည် ဧသောအား တိရိစ္ဆာန်များကို ပေးခဲ့ခြင်းဖြစ်သည်။

Continue… » »


❮ Prev . . . ၃၁ ၃၂ အခန်းကြီး ၃၃ ၃၄ ၃၅ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.