❮ Prev . . . ၃၃ ၃၄ အခန်းကြီး ၃၅ ၃၆ ၃၇ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃၅
၃၅း၂၂ ရုဗင် (Reuben) လုပ်ခဲ့သော အပြစ်၏ အကျိုးဆက်သည် ချက်ချင်း မကျရောက်သော်လည်း တန်ဖိုးကြီးမားလှသည်။ သားဦးဖြစ်သည့် အားလျော်စွာ မိသားစုအမွေ နှစ်ဆနှင့် ခေါင်းဆောင်နေရာကို ရရှိမည်ဖြစ်သည်။ ရုဗင်သည် သူ၏ အပြစ်အတွက် သူပေးဆပ် ရတော့မည်မဟုတ် ဟူ၍ ထင်ခဲ့သည်။ သူ၏ အကြောင်းနှင့် ပတ်သက်၍ ဆက်လက်ဖေါ်ပြ ထားခြင်း မရှိသော်လည်း ယာကုပ် သေဆုံးခါနီးတွင် ယာကုပ်မှ ရုဗင်ရမည့် နှစ်ဆသော အမွေကိုယူ၍ အခြားသူအား ပေးခဲ့ကြောင်းတွေ့ရသည်။ အကြောင်းမှာ ‘သင်သည် အဘ၏ အိပ်ရာကို တက်၍ ညစ်ညူးစေ၏’ (၄၉း၎)။
အပြစ်၏ အကျိုးဆက်သည် နှစ်ပေါင်းများစွာကြာမှ ကျရောက်တတ်သည်။ ကျွန်ုပ်တို့သည် မည်သူမျှ မသိလိုက်ဟု ထင်ခဲ့သော်လည်း အပြစ်သည် ကြီးမားသော အကျိုးဆက်များကို တိတ်ဆိတ်စွာဖြင့် ကြီးထွားလာ စေကြောင်း နောက်ပိုင်း၌ သိလာရသည်။
❮ Prev . . . ၃၃ ၃၄ အခန်းကြီး ၃၅ ၃၆ ၃၇ . . . ၅၀ ဒေသနာကျမ်း Next ❯