❮ Prev . . . ၃၅ ၃၆ အခန်းကြီး ၃၇ ၃၈ ၃၉ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃၇
၃၇း၆-၁၁ ယောသပ်၏ အစ်ကိုတို့သည် ယောသပ်မှ သူတို့အား အုပ်စိုးမည်ကို စိုးရိမ်ဒေါသ ဖြစ်နေသည်။ ယောသပ်၏ မပြည့်ဝသေးသော လုပ်ဆောင်မှု ဝါကြွားမှုတို့သည် ဒေါသကိုပို၍ မီးထိုးပေး သကဲ့သို့ရှိသည်။ မည်သူမျှ ကြွားဝါခြင်းကို မနှစ်မြို့ပါ။ ယင်းကို ယောသပ်သည် ကြမ်းတမ်းသော အခြေအနေ များကို ဖြတ်ကျော်ခြင်းဖြင့် လေ့လာသိရှိခဲ့သည်။ ဒေါသဖြစ်နေသော ညီအစ်ကို များသည် သူ့ကို ရှင်းပစ်ရန်အတွက် ကျွန်အဖြစ် ရောင်းစားခဲ့သည်။ ခက်ခဲသော နှစ်ပေါင်းများစွာကို ဖြတ်ကျော်ပြီးသော အခါ၌ ယောသပ်သည် အရေးကြီးသော သင်ခန်းစာများကို ရခဲ့သည်။ ယင်းမှာ ကျွန်ုပ်တို့၏ စွမ်းဆောင်နိုင်မှု အသိပညာသည် ဘုရားသခင်ထံမှ လာသည်ဖြစ်၍ ထိုအရာတို့အတွက် ဝါကြွားခြင်းထက် ဘုရားသခင်အား ကျေဇူးတင်ပါ။ နောက်ပိုင်း၌ ယောသပ်သည် ဘုရားသခင်အား ပို၍အမှတ်ပေးလာခဲ့သည်။ (၄၁း၁၆)
❮ Prev . . . ၃၅ ၃၆ အခန်းကြီး ၃၇ ၃၈ ၃၉ . . . ၅၀ ဒေသနာကျမ်း Next ❯