❮ Prev . . . ၃၆ ၃၇ အခန်းကြီး ၃၈ ၃၉ ၄၀ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃၈
၃၈း၁၅-၂၃ ပြည့်တန်ဆာ (Prostitute) နှင့် ပတ်သက်၍ ဤကျမ်း၌ အသေးစိတ် ဖေါ်ပြထားခြင်းမှာ ဆန်းပြားပေလိမ့်မည်။ သာသနာပလူမျိုး (ဥပမာ-ခါနာန် (Canaan) လူမျိုး) တို့၏ ထုံးတမ်းစဉ်လာအရ ပြည့်တန်ဆာ ဖြစ်ခြင်းသည် ထူးဆန်းမှု မဟုတ်ပါ။ ပြည့်တန်ဆာများသည် ခါနာန်ပြည်ရှိ ဘုရားမ များ၏ အစေကိုခံသည်။ ပြည့်တန်ဆာနှင့် ဆက်ဆံခြင်းသည် သူတို့၏ ဘာသာရေး ထုံးတမ်းစဉ်လာ တစ်ခုဖြစ်သည်။ ထိုသို့ပြုခြင်း အားဖြင့် အပင်များ၊ တိရိစ္ဆာန်များကို ပို၍တိုးပွား စေသည်ဟု လက်ခံပြီး ထိုသို့ပြုခြင်းကို အားပေးသည်။ ထိုပြည့်တန်ဆာများကို သာမန် ပြည့်တန်ဆာ များထက် လူများတို့သည် လေးစားသည်။ သာမန် ပြည့်တန်ဆာ များကို ဖမ်းဆီးရမိလျှင် အပြစ်ပေးလေ့ရှိသည်။ တာမာ (Tamar) သည် ယုဒ (Judah) ကို မြူဆွယ်ရခြင်းမှာ ကလေး ရယူလို၍ ဖြစ်ပြီး ယုဒ၏ မျိုးနွယ်ဆက်ကို စောင့်ထိန်းသောသူ ဖြစ်လိုသည်။ ယုဒသည် ကာမစိတ် တွန်းအားကြောင့် ထိုသို့ပြုခြင်း ဖြစ်သည်။ မည်သည့် အကြောင်းပြချက်မှ ထိုသို့ လုပ်ဆောင်ရခြင်း အတွက် ခိုင်လုံမှုမရှိပါ။
❮ Prev . . . ၃၆ ၃၇ အခန်းကြီး ၃၈ ၃၉ ၄၀ . . . ၅၀ ဒေသနာကျမ်း Next ❯