❮ Prev . . . ၃၇ ၃၈ အခန်းကြီး ၃၉ ၄၀ ၄၁ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃၉
၃၉း၂၁-၂၃ အကျဉ်းသား အဖြစ်လည်းကောင်း၊ ကျွန်အဖြစ်လည်းကောင်း ရောက်ရှိနေစဉ် ယောသပ်သည် သူ့ကိုယ်သူ မျှော်လင့်ခြင်း ကင်းမဲ့သော အခြေအနေဖြင့် မမြင်ပါ။ သူ့အား ပေးအပ်သည့် တာဝန်များကို အကောင်းဆုံး လုပ်ဆောင်ခဲ့သည်။ သူ၏ လုံ့လနှင့်ကောင်းသော အမြင်ထားရှိမှုတို့ကို ထောင်မှူးသည် မြင်သောအခါ၌ ထောင်ကို စီမံသူအဖြစ် ရာထူးပေးခဲ့သည်။ သင်သည် မျှော်လင့်ခြင်း ကင်းမဲ့သော အခြေအနေကို တွေ့ဆုံနေရပါသလား။ အလုပ်၌လည်းကောင်း၊ အိမ်၌လည်းကောင်း၊ ကျောင်း၌လည်းကောင်း ယောသပ်ကဲ့သို့ သေးငယ်သော တာဝန်များကိုပင် အကောင်းဆုံး လုပ်ဆောင်ပါ။ ယောသပ်၏ အခြေအနေအား ဘုရားသခင် လှည့်ပြောင်းခဲ့ကြောင်းကို သတိရပါ။ ဘုရားသခင်သည် သင်၏ အားထုတ်မှုကို မြင်ပြီး အလွန်မဖြစ်နိုင်သော အရာများကိုပင် ပြောင်းလဲစေနိုင်သည်။
❮ Prev . . . ၃၇ ၃၈ အခန်းကြီး ၃၉ ၄၀ ၄၁ . . . ၅၀ ဒေသနာကျမ်း Next ❯