❮ Prev . . . ၃၉ ၄၀ အခန်းကြီး ၄၁ ၄၂ ၄၃ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၄၁
၄၁း၅၄ အစာခေါင်းပါးခြင်းသည် ကပ်ဘေးကျရောက် သကဲ့သို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကာလ၌ လူတို့သည် မိမိတို့ စိုက်ပျိုးသောအစာ တစ်ခုတည်း၌သာ မှီခိုကြသည်။ ထိုအချိန်၌ မြေသြဇာ၊ ပိုးသတ်ဆေးများမရှိ သောကြောင့် ကောင်းသောသီးနှံ ရရှိရန်မှာ ကောင်းသောရာသီဥတု အခြေအနေလိုအပ်သည်။ မိုးရွာမှု အနည်းအများဖြစ်ခြင်း၊ ပိုးမွှားကျရောက်ခြင်း တို့ဖြစ်သည်။ သီးနှံများပျက်စီးပြီး အငတ်ဘေးကျရောက်မည်။ သိုလှောင်စရာနေရာ မရှိခြင်း၊ အအေးခန်းများ မရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်းတို့ကြောင့် သာမန်ခေါင်းပါးမှုမှသည် စိတ်ပျက်စရာကောင်းသည့် ကပ်ဘေးအခြေအနေသို့ ရောက်စေသည်။ ယောသပ်ပြင်ဆင်သော အစာခေါင်းပါးမှုမှာ ကြီးမားသော အစာခေါင်းပါးမှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစာခေါင်းပါးမှု (၇)နှစ်သည် ဆက်တိုက်ဖြစ်ခဲ့၍ ဖြစ်သည်။ ဘုရားသခင်၏ ဝင်ရာက်လုပ်ဆောင်မှု မပါရှိလျှင် အီဂျစ်ပြည်သည် ပျက်စီးသွားမည်ဖြစ်သည်။
❮ Prev . . . ၃၉ ၄၀ အခန်းကြီး ၄၁ ၄၂ ၄၃ . . . ၅၀ ဒေသနာကျမ်း Next ❯