❮ Prev . . . ၄၁ ၄၂ အခန်းကြီး ၄၃ ၄၄ ၄၅ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၄၃
၄၃း၁၁ ဗလခံစေး (Balm)၊ ပျားရည် (Honey)၊ နံသာ (Spices)၊ မုရန်ဈေး (Myrrh)၊ သစ်အယ်သီး (Pistachio)၊ ဗာတံသီး (Almonds) တို့သည် တန်ဖိုးရှိသော အရာများဖြစ်ပြီး အီဂျစ်ပြည်၌ အလွန်ရှားပါးသည်။ အစာငတ်မွတ်ခေါင်းပါး ဘေးကျရောက်ချိန်၌ ပို၍ပင်ရှားပါးသည်။
၄၃း၁၂ ယောသပ် (Joseph) ၏ အစ်ကိုများသည် အိမ်သို့ရောက်သော အခါ၌ သူတို့ စပါးဖိုးပေးသော ငွေများကို တွေ့ရသည် (၄၂း၃၅)။ လပေါင်းအတန်ကြာ ပြီးနောက်တွင် အီဂျစ်ပြည်သို့ သွား၍ အစာများကို ထပ်မံယူရမည်ဖြစ်သည်။ ယာကုပ်မှ ငွေအပိုယူသွားရန် ညွှန်ကြားပြီး ယခုအကြိမ်အတွက် ဆန်နှင့် ယခင်က ရရှိခဲ့သော ဆန်များ၏ အဖိုးကို ပေးစေသည်။ ယာကုပ်သည် ဘယ်အရာကိုမျှ ရှောင်ရှားခြင်း မပြုပါ။ သူသည် သစ္စာနှင့် ပြည့်ဝပြီး သူဝယ်သော အရာအတွက် ပေးရသည်ဖြစ်စေ၊ မပေးရသည်ဖြစ်စေ အဖိုးကိုပေးသည်။ ကျွန်ုပ်တို့သည်လည်း ယောသပ်၏ ဥပမာအတိုင်း လိုက်နာ၍ အကျင့်သိက္ခာကို ကာကွယ်ပါ။ ရိုးသားခြင်းမှ ရရှိသည့် ဂုဏ်သိက္ခာသည် အပေးအယူ ပြုခြင်းမှ ရရှိသော ငွေထက်ပို၍ တန်ဖိုးရှိသည်။
❮ Prev . . . ၄၁ ၄၂ အခန်းကြီး ၄၃ ၄၄ ၄၅ . . . ၅၀ ဒေသနာကျမ်း Next ❯