❮ Prev . . . ၄၁ ၄၂ အခန်းကြီး ၄၃ ၄၄ ၄၅ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၄၃
၄၃း၂၃ ဆန်အိတ်များ၌ အဘယ်သို့ ထိုငွေများရောက် ရှိလာခဲ့ပါသနည်း။ ဖြစ်နိုင်သည်မှာ ယောသပ်သည် သူ၏အိမ်၌ စီမံခန့်ခွဲသူ ဝန်ထမ်းအား ညွှန်ကြားခဲ့၍ ဖြစ်နိုင်သည်။ ယာကုပ်၏ ဘုရားကို ချီးမွမ်းရန်လည်း ညွှန်ကြားခဲ့သည်။ အီဂျစ်တို့၏ ဘုရားများကို ချီးမွမ်းခြင်းမဟုတ်၊ ယောသပ် ညီအစ်ကိုတို့၏ ဘုရားကို ဝန်ထမ်း စာရေးက ချီးမွမ်းရန်ဖြစ်သည်။
၄၃း၃၂ ယောသပ်နှင့် သီးခြားစားသောက်ခြင်းသည် အီဂျစ်လူမျိုးတို့၏ ထုံးတမ်းစဉ်လာကို လိုက်လျှောက်ခြင်း ဖြစ်သည်။ အီဂျစ်လူမျိုး တို့သည် သူတို့ကိုယ်ကို သူတို့ဥာဏ်ထက်မြတ်သောသူ၊ အထက်တန်းကျ သောသူများအဖြစ် လက်ခံကြသည်။ မွေးမြူရေး လုပ်သော သူများအား ယဉ်ကျေးမှု မရှိသောသူ၊ ရိုင်းစိုင်းသော သူများအဖြစ် မြင်သည်။
ယောသပ်သည် ရာထူးကြီးသော်လည်း အီဂျစ်လူမျိုးတို့နှင့် အတူမစားနိုင်ပေ။ နိုင်ငံခြားသား၊ မွေးမြူရေးပြုသော သူများဖြစ်သော သူ၏ အစ်ကိုများသည် အီဂျစ်နိုင်ငံသား များထက် အဆင့်နိမ့်သောကြောင့် ထိုသူတို့နှင့် ခွဲခြား၍ အစာစားရသည်။
❮ Prev . . . ၄၁ ၄၂ အခန်းကြီး ၄၃ ၄၄ ၄၅ . . . ၅၀ ဒေသနာကျမ်း Next ❯