❮ Prev . . . ၄၆ ၄၇ အခန်းကြီး ၄၈ ၄၉ ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၄၈
၄၈း၁၅ ယာကုပ် (Jacob) သည် ဘုရားသခင်အား အသက်တာ တစ်လျှောက်လုံး၌ သူ၏ သိုးထိန်းဖြစ်သည်ဟု ပြောခဲ့သည်။ အသက်အရွယ် ကြီးရင့်လာချိန်၌ သူသည် ဘုရားသခင်အပေါ်၌သာ မှီခိုနေကြောင်းကို ရှင်းလင်းစွာ မြင်လာသည်။ ယင်းသည် ငယ်ရွယ်စဉ်အခါက မရိုးသားသော အကျင့်ကြံစည်မှုများမှ လုံးဝပြောင်းလဲသွားကြောင်းကို ပြသည့်အမှတ်သညာ ဖြစ်သည်။ ယာကုပ်ကဲ့သို့ စိတ်နေစိတ်ထားဖြစ်ရန်မှာ သင်သည် ဘုရားသခင်အား သိုးထိန်းကဲ့သို့ ပြုစေလျက် သူ၏ပေးစွမ်းနိုင်မှု ပြုစုစောင့်လျှောက်မှု အပေါ်၌ ပို၍ယုံကြည်ပါ။ ဘုရားသခင်နှင့် ပတ်သက်၍ မစဉ်းစားသော သူတို့သည် သူတို့ လိုချင်သည့် အရာကို မရရအောင် လုပ်ဆောင်သည်။ မည်သည့် နည်းလမ်းမဆို မှားယွင်းသော နည်းလမ်းများအားဖြင့်ပင် ရရှိအောင်ပြုကြသည်။ ဘုရားသခင်အား ယုံကြည် စိတ်ချခြင်းသည် ပို၍ကောင်းမွန်သော အရာဖြစ်ပြီး ကောင်းသော အရာများသည် ဘုရားသခင်၏ လက်တော်မှ ဆင်းသက်ကြောင်းကို သိရှိပါ။