❮ Prev . . . ၄၇ ၄၈ အခန်းကြီး ၄၉ ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၄၉
၄၉း၁၈ ဒန် (Dan) အား ပရောဖက် (prophet) ပြုစဉ်တွင် ယာကုပ် (Jacob) မှ ကြွေးကြော်ခဲ့သည်မှာ ‘ထာဝရဘုရား၏ ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ် မျှော်လင့်လျက် နေပါပြီ’ သူက ဒန်အား အလေးထား ပြောကြားခဲ့သည်မှာ ဒန်သည် ဘုရားသခင်အား ယုံကြည်စိတ်ချမှသာ သူသည် ခိုင်မာသော ခေါင်းဆောင်ဖြစ်လာမည်။ သူ၏ သဘာဝခွန်အား စွမ်းဆောင်နိုင်မှုအားဖြင့် ထိုအခြေအနေသို့ မရောက်နိုင်ပါ။ သန်မာသောသူ၊ ဆွဲဆောင်မှု ရှိသောသူ၊ စွမ်းဆောင်နိုင်မှု ရှိသော သူတို့သည် ထိုအရာများကို ပေးသော ဘုရားသခင်ထက် မိမိကိုယ်ကိုမိမိ ယုံကြည်စိတ်ချ လေ့ရှိသည်။ သင်အား ဖြစ်ပွားစေသောသူ၊ သင့်၌ ရှိစေသောသူ ဖြစ်သည့် ဘုရားသခင်အား ကျေဇူးတင်ရန် သတိရခြင်း အားဖြင့်သာ သင်၏ယုံကြည် စိတ်ချခြင်းကို မှားယွင်းသည့်နေရာ၌ ထားရှိခြင်းမှ ကင်းဝေးမည် ဖြစ်သည်။