❮ Prev . . . ၄၈ ၄၉ အခန်းကြီး ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၅၀
၅၀း၅ ယောသပ် (Joseph) သည် ဖါရော (Pharaoh) ဘုရင်၏ အတိုင်ပင်ခံအဖြစ် ယုံကြည်စိတ်ချ ထိုက်ကြောင်းကို ပြသခဲ့သည်။ သူ၏ကောင်းမွန်သော လုပ်ဆောင်ခဲ့မှု များကြောင့် ခါနာန် (Canaan) ပြည်တွင် ဖခင်အား မြှုပ်နှံပြီးသော အခါ၌ အီဂျစ်ပြည်သို့ ယောသပ် ပြန်လာမည် ဖြစ်ကြောင်းကို ဖါရောဘုရင်သည် သံသယ မဖြစ်ခဲ့ပါ။ ယုံကြည်စိတ်ချ ထိုက်သော သူများအတွက် အခွင့်အရေး၊ လွတ်လပ်မှု တို့သည် ဖြစ်ပေါ်သည်။ စိတ်ချခြင်းကို တဖြည်းဖြည်း တည်ဆောက်ရသည် ဖြစ်သောကြောင့် သေးငယ်သော အရာများ၌ ပင်လျှင် သင့်အား ယုံကြည် စိတ်ချနိုင်ကြောင်းကို ပြသနိုင်ရန် ကြိုးပမ်းပါ။