« Prev ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . Next »
ဒေသနာကျမ်း Ecclesiastes
နိဒါန်း Introduction
ရှောလမုန် (Solomon) သည် ဘုရင်ဖြစ်လာသော အခါ၌ ဘုရားသခင်ထံမှ ဥာဏ်ပညာ (ရာဇဝင်ချုပ် ဒုတိယစောင် ၁း၇-၁၂) ကို တောင်းခံခဲ့သည်။ သူသည် ဤကမ္ဘာ၌ ဥာဏ်ပညာ အထက်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။ (၁ ရာ ၄း၂၉-၃၄) သူသည် လေ့လာခဲ့၊ သင်ကြားခဲ့၊ စီရင်ရေးသားခဲ့သည်။ အခြားနိုင်ငံများမှ ဘုရင်များ၊ ခေါင်းဆောင်များသည် ယေရုရှလင်မြို့ (Jerusalem) သို့ လာရောက်ပြီး သူ့ထံ၌ နည်းခံလေ့လာ သင်ယူ ခဲ့ကြသည်။ ဘဝအတွက် လက်တွေ့ အသုံးကျသော အတွေးအမြင်များ သူ၌ ရှိခဲ့သော်လည်း ထိုအကြံဥာဏ်တို့ကို သူ့ အသက်တာ၌ အသုံးပြုရန် မေ့လျော့ခဲ့သည်။ ထို့ကြောင့် သူသည် ကျဆင်းခဲ့ရသည်။ သူ၏သက်တာ နောက်ဆုံးသော အချိန်များ၌ ရှောလမုန်သည် သူ့အသက်တာကို နှိမ့်ချသော၊ နောင်တရသော စိတ်ထားဖြင့် ပြန်လည်ရှုမြင်ခဲ့သည်။ မိမိ၏ဘဝ အတွေ့အကြုံများမှ တစ်ဆင့် လေ့လာသော အခါ၌ တွေ့ကြုံလာရမည့် ခါးသီးမှုများမှ စာဖတ်သူအား ကင်းလွတ်စေလိုသော ရည်ရွယ်ချက်ဖြင့် သူ၏ လောက အတွေ့အကြုံများကို အခြေခံပြီး ဖော်ပြချက်မှာ ‘ဘုရားသခင်မှ လွဲ၍ အရာအားလုံးသည် အနတ္တဖြစ်သည်။ အနှစ်သာရ ကင်းမဲ့သည်။ အဓိပ္ပါယ်မဲ့သည်။’ ဟူ၍ဖြစ်သည်။