« Prev ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . Next »
ဒေသနာကျမ်း Ecclesiastes
နိဒါန်း Introduction
ဒေသနာကျမ်းသည် ဘဝကို အဆိုးဘက်မှ ရှုမြင်သည့် သဘောနှင့် ရေးသားခဲ့သောကြောင့် ကျွန်ုပ်တို့အတွက် ဖတ်ရှုထိုက်သော အသုံးဝင်သော ကျမ်းမှာ နောက်ဆုံး အခန်းသာဖြစ်သည်ဟု ကောက်ချက်ချ၍ မရပါ။ နောက်ဆုံး အခန်း၌ ရှောလမုန်၏ ကောက်ချက်ချမှု များကို ဖော်ပြထားသည်။ အမှန်အားဖြင့် ဤကျမ်းတစ်စောင်လုံးသည် လက်တွေ့ဘဝတွင် အသုံးကျမည့် ပိုင်းခြားသိမြင် နိုင်သော ဥာဏ်ပညာ (ဤလောက၌ လုပ်ဆောင်ရမည့် အရာများကို ပြီးမြောက်အောင် လုပ်ဆောင်ချိန်၌ ပြဿနာများနှင့် ကင်းလွတ်အောင် နေထိုင် နိုင်သည့်ဥာဏ်) နှင့် ဝိညာဉ်ပိုင်း ဆိုင်ရာ ဥာဏ်ပညာ (ထာဝရ တန်ဖိုးကို ရှာဖွေတတ်ခြင်းနှင့် သိရှိခြင်း) များကို ဖော်ပြထားသည်။ ရှောလမုန်မင်းကြီးသည် ဘဝကို အလွန်ရိုးသားစွာ ချဉ်းကပ်ခဲ့သည်။ သူ၏ အကျိုးမဲ့သော ဘဝနှင့် ပတ်သက်၍ ကောက်ချက်ချမှုများသည် လူတို့အား စစ်မှန်သော ပျော်ရွှင်မှုကို ဘုရားသခင်၌သာ ရှာဖွေရန် လမ်းညွှန်ခဲ့သည်။ သူသည် ကျွန်ုပ်တို့၏ မျှော်လင့်ချက်များကို ဖျက်ဆီးရန် ကြိုးပမ်းခြင်း မဟုတ်ဘဲ ကျွန်ုပ်တို့၏ မျှော်လင့်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်သော အရှင်တစ်ပါးတည်း ထံသို့ လမ်းညွှန်ပေးခြင်းဖြစ်သည်။ ရှောလမုန်မင်းကြီး (King Solomon) က ဥာဏ်ပညာ၊ ပေါင်းသင်းဆက်ဆံမှု၊ လုပ်ဆောင်မှုနှင့် သာယာမှုတို့၏ တန်ဖိုးကို အသိအမှတ်ပြုသည်။ ယင်းတို့သည် သင့်လျော်သော နေရာများ၌သာ တန်ဖိုးရှိကြောင်း ဘဝ၌ တခဏသာ တွေ့ရှိရမည့် အရာအားလုံးကို တသက်တာ စံနှုန်းဖြင့် ပိုင်းခြားရှုမြင် ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ဒေသနာကျမ်းကို ဖတ်ရှုခြင်းဖြင့် မိမိ၏ အသက်တာကို လေ့လာဆန်းစစ်ပါ။ အရေးတကြီး သတိပေးချက်များ၊ ကြောက်ရွံ့ဖွယ် မှန်းဆချက်များကို နာခံပါ။ မိမိ၏ ဖန်ဆင်းရှင်အား အစဉ်အောက်မေ့ သတိရရန် မိမိကိုယ်ကိုမိမိ ယခုအချိန်၌ ဝန်ချပါ။ (ဒေသနာ ၁၂း၁)