« Prev ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . Next »
ဒေသနာကျမ်း Ecclesiastes
အဓိပ္ပါယ်ဖွင့်ဆိုချက် Definitions
ကင်းမဲ့ခြင်း
ရှင်းလင်းချက်
လောကအရာများကို ပို၍ရှာဖွေပြီး ထာဝရဘုရားနှင့် မိတ်သဟာရဖွဲ့မှုကို မရှာဖွေခြင်းမှ ဖြစ်ပေါ် လာရသော ကင်းမဲ့ခြင်းများကို ရှောလမုန်မှ ဖော်ပြခဲ့သည်။ သာယာမှု၊ ချမ်းသာမှု၊ အောင်မြင်မှုများကို ရှာဖွေခြင်းသည် နောက်ဆုံး၌ စိတ်ပျက်ခြင်းကို ဖြစ်စေသည်။ ဤကမ္ဘာတွင်ရှိသော မည်သည့် အရာကမှ ကျွန်ုပ်တို့၏ ငြိမ်သက်သော နှလုံးသားမှ ပေါ်ထွက်လာသည့် ဆာလောင်ငတ်မွတ် လိုလားချက်များကို မဖြည့်ဆည်းနိုင်၊ ကျေနပ်မှု မဖြစ်ပေါ်စေနိုင်ပါ။
အရေးပါမှု
ကင်းမဲ့ခြင်းကို ကုစားနိုင်သော ကုထုံးမှ ဘုရားသခင် ထံသို့ ပြန်လည် အာရုံပြုခြင်းဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းသည် လူသားတို့၏ ကင်းမဲ့သော ဘဝခံစားမှုကို ဖြည့်ဆည်းပေးနိုင်သည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဘုရားသခင်နှင့် အခြားသူများကို အစေခံခြင်းနှင့်သာ သင်၏ အသက်တာကို ပြည့်ဝစေပါ။ တစ်ကိုယ်ကောင်း ဆန်သော သာယာမှုများနှင့် မပြည့်ဝနေစေသင့်ပါ။