« Prev ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၁
၁း၁၂ ရှောလမုန်၏နိုင်ငံ (ဣုသရေလ (Israel) နိုင်ငံ) သည် ရွှေငွေဥစ္စာ ကြွယ်ဝသည်။ သို့သော်လည်း ထိုအောင်မြင်မှု၊ ကြွယ်ဝမှု များသည် အစဉ်အမြဲ တည်ရှိလိမ့်မည် မဟုတ်။ (ဆာလံ ၁၀၃း၁၄-၁၆၊ ဟေရှာယ ၄၀း၆-၈၊ ရှင်ယာကုပ် ၄း၁၄) အကြောင်းကို လူတို့အား နားလည်စေလိုသည်။ လူတို့၏ လုပ်ဆောင်၍ ရရှိသောအရာများသည် တစ်နေ့တွင် ပျောက်ကွယ်ရလိမ့်မည်ဖြစ်သည်။ ပညာရှိစွာ အသက်ရှင်နိုင်ရန်မှာ ယင်းအချက်အား စိတ်ထဲ၌ ထားရှိရမည်။ ထိုသို့မထားရှိလျှင် ကျွန်ုပ်တို့သည် အောင်မြင်သောအခါ၌ မာနကြီးခြင်း၊ နှစ်သိမ့်ကျေနပ်ခြင်းများ ဖြစ်ပေါ်ပြီး ဆုံးရှုံးသောအခါ၌ စိတ်ပျက်မှုများနှင့်သာ ပြည့်နေမည်ဖြစ်သည်။ ရှောလမုန်၏ ရည်မှန်းချက်မှာ လောကီပိုင်ဆိုင်မှုများကို ရရှိမှုများသည် နောက်ဆုံး၌ အဓိပ္ပါယ်ကင်းမဲ့ကြောင်းကို ပြသလိုသည်။ ဘုရားသခင်၏ လုပ်ဆောင်မှု သည်သာ စစ်မှန်သော ကျေနပ်မှုကို ပေးနိုင်သည်။ ကျွန်ုပ်တို့၏ ပြောဆိုမှု၊ ဆင်ခြင်မှု၊ လုပ်ဆောင်မှုများ၌ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းသင့်ပါသည်။