« Prev ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၁
၁း၁၆-၁၈ သင်သည် ပို၍ နားလည်လာ သည်နှင့်အမျှ နာကျင်မှုနှင့် ခက်ခဲမှုများကို ပို၍ခံစားရမည်ဖြစ်သည်။ ဥပမာအားဖြင့် သင်သည်ပို၍ သိသည်နှင့် အမျှ သင်၏ပတ်ဝန်းကျင်၌ စုံလင်မှုကို ပို၍မြင်လာမည်။ သင်သည် ပို၍ဆန်းစစ် သည်နှင့်အမျှ မတရားမှုသည် ပို၍ထင်ရှားလာမည်ဖြစ်သည်။
ရှောလမုန်နှင့် အတူတကွ ဘဝ၏ အဓိပ္ပါယ်ကို လေ့လာမှုခရီး အစပြုသည်နှင့်တစ်ပြိုင်နက် သင်သည် ပို၍ခံစားရန်၊ ပို၍တွေးခေါ်ရန်၊ ပို၍မေးခွန်း ထုတ်ရန်၊ ပို၍ နာကျင်ရန်၊ ပို၍ လုပ်ဆောင်ရန် အဆင်သင့်ဖြစ်ရမည်။ သင်မှ ပိုင်းခြားနိုင်သော ဥာဏ်ပညာ ရရှိရန်အတွက် အဖိုးအခကိုပေးရန် အသင့်ဖြစ်ပါပြီးလား။
ရှောလမုန်သည် ဒေသနာကျမ်း၌ ဥာဏ်ပညာ(၂) မျိုးကို ပေါ်လွင်စွာ ဖေါ်ပြထားသည်။
(၁) လူတို့၏ အသိပညာ စဉ်းစားနိုင်မှု၊ အတွေးအခေါ်မှ ရရှိသည့် ဥာဏ်ပညာနှင့်
(၂) ဘုရားထံမှ လာသော ဥာဏ်ပညာ ဟူ၍ ဖြစ်သည်။
ဤကျမ်းပိုဒ် များ၌ ရှောလမုန် (Solomon) သည် လူတို့၏ အသိဥာဏ် ပညာကို ပြောဆိုထားသည်။ လူတို့၏ ဥာဏ်ပညာသည် ဘုရားသခင်ကို ပယ်ရှားသော အခါ၌ ထိုဥာဏ်ပညာသည် ကျွန်ုပ်တို့၏ ပြဿနာများကို ပို၍ပေါ်လွင် စေမည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူ့ ဥာဏ်ပညာသည် ဘုရားသခင်၏ အမြင်နှင့် ဘုရားသခင်မှ ရှင်းလင်းပေးမှု မပါရှိခဲ့လျှင် မည်သည့်အဖြေကိုမှ မပေးနိုင်ပါ။